Connect with us

Hi, what are you looking for?

သတင်း

ကသာတွင် စစ်ကောင်စီတပ်က ကျောက်ထုံးကြီးရွာအား မီးရှို့ဖျက်ဆီးပြီး ထပ်လာရှို့မည်ဟု ခြိမ်းခြောက်

စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။

အကြမ်းဖက်စစ်တပ်က ကျောက်ထုံးကြီးရွာအတွင်း မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ကသာ (ပကဖ)
အကြမ်းဖက်စစ်တပ်က ကျောက်ထုံးကြီးရွာအတွင်း မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ကသာ (ပကဖ)

▪️စစ်ကောင်စီတပ်က ပြည်သူ ၅၀ခန့် ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်အချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ထပ်မံလာရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(သြဂုတ်၁၉ ရက်) နံနက် ၁၀ နာရီခန့်က ကသာမြို့နယ်၊ ဧရာဝ​တီမြစ်အရှေ့ခြမ်း၊ကျောက်ထုံးကြီးတိုက်နယ်ရွာရှိ နှစ်ထပ်တိုက် နှစ်လုံး၊ ပျဉ်ထောင်အိမ်တစ်လုံးတို့ကို အင်အား(၁၂၀)ပါ ရွှေကူ (ကချင်ပြည်နယ် အခြေစိုက်) (၆၀၂)(၅၆)တပ်များက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။

ထို့အပြင် ကျောက်ထုံးကြီးကို နောက်တစ်ခေါက် ပြန်လာပြီး နေအိမ် အနည်းဆုံး(၂၇)လုံး အထက် ထပ်မံမီးရှို့ ရန်ကျန်သေးကြောင်း ခြိမ်းခြောက် သွားသည်ဟု ကသာ(ပ.က.ဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ထုံးကြီးရွာရှိ ဒေသခံပြည်သူ ၅၀ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၈ရက် နံနက်ပိုင်းက ကသာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း သွားလာနေသော အကြမ်းဖက်စစ်တပ်၏ သင်္ဘော၆စီးအား ABSDF၊ ကသာမြို့နယ် (ပကဖ)နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ များတပ်ပေါင်းစုက လက်လုပ်လျှော့ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။