Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ပုလဲမြို့နယ် ကျေးရွာသုံးရွာသို့ စစ်ကြောင်းထိုးပြီး ဒေသခံများအား ရိုက်နှက်စစ်ဆေးနေ

ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

(ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ် အရာရှိတစ်ဦး၊ဓာတ်ပုံ - အီးပီအေ)
(ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ် အရာရှိတစ်ဦး၊ဓာတ်ပုံ - အီးပီအေ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း လယ်ဓမ္မအပါအဝင် ကျေးရွာသုံးရွာသို့ စစ်ကောင်စီက လေကြောင်းမှ အင်အားအမြောက်အများချသွားပြီး ဒေသခံများအား ရိုက်နှက်စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ပုံတောင်အနီးတွင် တည်ရှိပြီး ပုလဲ-ဂန့်ဂေါလမ်းဘေးရှိ လယ်ဓမ္မရွာ၊ပေပင်ရွာ ၊ထန်းကင်းကြီးကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့(သြဂုတ်လ ၂၁ရက်)ရောက်ရှိလာကာ ဒေသခံများအား ရိုက်နှက်စစ်ဆေးနေကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

” မနေ့က Mi 17 သုံးစီးနဲ့ လူလာချသွားတယ်။ အင်အားတော်တော်များတယ်။ ဒီနေ့တော့ ရွာသားအချို့ကို ရိုက်နှက် နှိပ်စက်ပြီး စစ်နေတယ်။ ဒေသခံတွေ တိမ်းရှောင်ဖို့ လိုနေတယ်”ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၆) အရာရှိ ကိုမောင်က ပြောသည်။

အထက်ပါ ကျေးရွာသုံးရွာကို စစ်​ကောင်စီက စစ်​ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်နေသည်ဟု ကိုမောင်က ပြောသည်။ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook