Connect with us

Hi, what are you looking for?

သတင်း

လူမိုက်အားကိုးဖြင့် စစ်ကောင်စီအလိုကျလုပ်ဆောင်နေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ရာထူးကနှုတ်ထွက်ရန် ရွှေပြည်သာ UGအဖွဲ့ သတိပေး

“ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး”ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

လူမိုက်အားကိုးဖြင့် စစ်ကောင်စီအလိုကျလုပ်ဆောင်နေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ရာထူးကနှုတ်ထွက်ရန် ရွှေပြည်သာ UGအဖွဲ့ သတိပေး
လူမိုက်အားကိုးဖြင့် စစ်ကောင်စီအလိုကျလုပ်ဆောင်နေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ရာထူးကနှုတ်ထွက်ရန် ရွှေပြည်သာ UGအဖွဲ့ သတိပေး

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်း လူမိုက်အားကိုးဖြင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေသော (၁၉)ရပ်ကွက်နှင့် (၂၀)ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ရာထူးက ချက်ချင်းနှုတ်ထွက်ရန် ရွှေပြည်သာမြို့နယ် မြေအောက်လှုပ်ရှားမှုအဖွဲ့(SPTUG)က သတိပေးထုတ်ပြန်လိုက်သည်။

“၁၉ သံဒင်း နှင့် ၂၀ သံဒင်း အခမ၊ ရအမ များအကြမ်း ဖက်စစ်ကောင်စီ လက်အောက်မှ နှုတ်ထွက်ကြရန်နှင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား တာဝန်ယူမည် မဟုတ်ကြောင်း အသိပေးလိုက်သည်”ဟု SPTUG အဖွဲ့က ဆိုသည်။

ယခုရက်ပိုင်းများတွင် ရွှေပြည်သာ (၁၉)သံဒင်းနှင့် (၂၀)သံဒင်းရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများသည် ရပ်ကွက်လူမိုက်များနှင့် လူငယ်များအားစုစောင်းကာ တုတ်၊ စားများကိုင်ဆောင်စေခြင်း၊ အရက်များတိုက်၍ ကင်းပတ်စေခြင်း၊ ရပ်ကွက်ရုံးများတွင် အစောင့်ချထားခြင်းတို့ကို စိတ်အားထက်သန်စွာလုပ်ဆောင်နေသည်ဟု ထောက်ပြသည်။

ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်လုပ်ဆောင်နေပါက SPTUG အဖွဲ့အနေဖြင့် နောက် ဆက်တွဲဖြစ်လာမည့်အခြေအနေများကို တာဝန်ယူမည်မဟုတ်ကြောင်း ပထမဆုံးအကြိမ် သတိပေးလိုက်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

SPTUG အဖွဲ့အနေဖြင့် (၁၉)ရပ်ကွက်နှင့် (၂၀)ရပ် ကွက်များမှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် လူမိုက်များ၏ ကိုယ်ရေးအချက်အလက်များ၊ နေရပ်လိပ်စာများနှင့် ဓာတ်ပုံမှတ်တမ်းများ ရယူပြီးဖြစ်၍ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးထားသည်။

ရွှေပြည်သာမြို့နယ်အတွင်း စစ်ကောင်စီတပ်အားကိုးဖြင့် ပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့်နေသော (၁၅) ရပ်ကွက်ရာအိမ်မှူး ဝင်းဇော်ဆိုသူအား သြဂုတ် ၁၉ ရက်တွင် တော်လှန်ရေးရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့သည်။

ယခုရက်ပိုင်းများတွင် ရွှေပြည်သာမြို့နယ်အတွင်း စစ်ကောင်စီခန့်ရာအိမ်မှူးများသုတ်သင်ခံရခြင်း၊ ရပ်ကွက်ရုံးအချို့ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများဆက်တိုက်ပြုလုပ်နေပြီး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက တုတ်၊ ဓားများကိုင်ဆောင်ထားသည့် လုမိုက်များခြံရံ၍ ကင်းပတ်ခြင်းများ ရှိနေသည်။

“ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး”ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။