Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့ပေါ် ဘီယာဆိုင်တစ်ဆိုင် ပေါက်ကွဲမှုဖြစ်ပြီး လူငယ်တစ်ဦးသေဆုံး

ယနေ့(သြဂုတ်၂၂ရက်) နံနက် ၇ နာရီခန့်က ခင်ဦးမြို့ပေါ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ “ကျော်စည်ဟိန်း”ဘီယာဆိုင်အတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ခင်ဦးမြို့
ခင်ဦးမြို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးအသက် (၂၀)အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ်၂၂ရက်) နံနက် ၇ နာရီခန့်က ခင်ဦးမြို့ပေါ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ “ကျော်စည်ဟိန်း”ဘီယာဆိုင်အတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါဘီယာဆိုင်နှင့် မျက်နှာချင်းဆိုင် EveryDay လက်ဖက်ရည်ဆိုင်မှ အသက်(၂၀) အရွယ် မောင်ရဲဝင်းထွဋ်ဆိုသူ ဗုံးစထိမှန် သေဆုံးခဲ့ပြီး အခြားမြို့ပေါ်နေ ဒေသခံနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ပေါက်ကွဲမှုဖြစ်သော ဘီယာဆိုင်မှာ စစ်ကောင်စီတပ်သားများ အမြဲကင်းပုန်းဝပ်သွားလာလှုပ်ရှားနေသော ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပေါက်ကွဲမှုကြောင့် ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကား၊ဆိုင်ကယ်များဖြင့် ကင်းပတ်ကာ ခြေရှုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အသွားအလာဂရုစိုက်ကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။