Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယမ်းချက်စဥ် မတော်တဆပေါက်ကွဲမှုကြောင့် CDF မင်းတပ်ရဲဘော်နှင့် CDM ရဲတစ်ဦးကျဆုံး

ယမ်းပေါက်ကွဲမှုကြောင့် ကျပ်သိန်း ၃၀၀ခန့်တန်​ကြေးရှိသော ယမ်းများလည်း ဆုံးရှုံးခဲ့ရသည်။ယင်းအတွက် လူထုအားတောင်းပန်ကြောင်း ဆလိုင်းမာန်အွမ်က ဆိုသည်။

(ကျဆုံးခဲ့သည့် ထောက်ပို့ရဲဘော် ဆလိုင်းကျော်ဦးအား တွေ့ရစဥ်)
(ကျဆုံးခဲ့သည့် ထောက်ပို့ရဲဘော် ဆလိုင်းကျော်ဦးအား တွေ့ရစဥ်)

ယမ်းများဆုံးရှုံးမှုအတွက် လူထုအား CDF မင်းတပ် တောင်းပန်

CDF မင်းတပ်၏ ထောက်ပို့ ရဲဘော်တစ်ဦးနှင့် CDM ရဲတစ်ဦးသည် ယမ်းချက်လုပ်ရင်း မတော် တဆဖြစ်ရပ်ကြောင့် ပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားခဲ့သည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)CDF-MINDAT မှ ပြည်ပထောက်ပို့မှူး ဆလိုင်းကျော်ဦးနှင့် CDM ရဲတပ်သားမျိုးသက်ထွန်းသည် ယမ်းချက်လုပ်ရင်း ပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၁၇ရက် ညနေတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆလိုင်းကျော်ဦးသည် သြဂုတ် ၁၇ရက်က ကျဆုံးခဲ့ပြီး CDM ရဲတပ်သားမျိုးသက်ထွန်းသည် သြဂုတ် ၂၂ရက်တွင် ကျဆုံးခဲ့သည်ဟု CDF-မင်းတပ် လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေးဌာန၊ ဌာနမှူး ဆလိုင်းမာန်အွမ်က ပြောသည်။

” ဆလိုင်းကျော်ဦးက ကျွန်တော့်ဖခင်ပါ။ CDM ရဲကလည်း ရန်ကုန်ကနေ ရောက်လာတာ။ သူတို့တာဝန်ကျေခဲ့တယ်”ဟု ဆလိုင်းမာန်အွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဆလိုင်းကျော်ဦးကျဆုံးမှုနှင့်ပတ်သက်၍ ချင်းတိုင်းရင်းသူတစ်ဦးက” နိုင်ငံရေးအတွက်၊ တော်လှန်ရေးအတွက် ၊ CDFမင်းတပ်တွက်တာဝန်ကျေလွန်းတဲ့ ဦးလေးရေ၊ ငြိမ်းချမ်းစွာ ပျံသန်းပါ” ဟု ဝမ်းနည်းကြောင်းရေးသားထားသည်။

ယမ်းပေါက်ကွဲမှုကြောင့် ကျပ်သိန်း ၃၀၀ခန့်တန်​ကြေးရှိသော ယမ်းများလည်း ဆုံးရှုံးခဲ့ရသည်။ယင်းအတွက် လူထုအားတောင်းပန်ကြောင်း ဆလိုင်းမာန်အွမ်က ဆိုသည်။

“တော်လှန်ရေးအတွက် လူထုက ထောက်ပံ့ထားတဲ့ ယမ်းတွေပျက်စီးရတဲ့အတွက် တောင်းပန်ပါတယ်။နောက်ပြီး ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ထပ်ပြီးထောက်ပံပေးဖို့။ နောက်ကို ဒီလိုမဖြစ်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်”ဟု ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက အပြင်းအထန် ရှုတ်ချပြီး ဖြေရှင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။