Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် – မတူပီလမ်းမပိုင်းအား မနက်ဖြန်ကစ၍ သွားလာခွင့်တားမြစ်၊ မလိုက်နာပါက ထိရောက်စွာအရေးယူမည်ဟု CDF မင်းတပ်ထုတ်ပြန်

ပခုက္ကူမြို့မှ ဇူလိုင် ၁၇ရက် နံနက်က ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း သည် ယနေ့ညနေ တွင် ကျောက်ထုမြို့သို့ ရောက်ရှိနေပြီ ​ကျောက်ထုဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။ ကျောက်ထုအားကျော်လွန်ပါက ချင်းတောင်သို့ ရောက်ရှိမည်ဖြစ်သည်။

(မကွေးတိုင်း ကျောက်ထုမှ မင်းတပ်မြို့သို့ တက်လာသည့် စစ်ယာဉ်တန်းအား မတ်လ ၂၄ က တွေ့ရစဉ်။ ဓာတ်ပုံ-CDF-မင်းတပ်)
(မကွေးတိုင်း ကျောက်ထုမှ မင်းတပ်မြို့သို့ တက်လာသည့် စစ်ယာဉ်တန်းအား မတ်လ ၂၄ က တွေ့ရစဉ်။ ဓာတ်ပုံ-CDF-မင်းတပ်)

မင်းတပ် – မတူပီလမ်းမကြီးအား မနက်ဖြန်(ဇူလိုင်၁၉ရက်)မှစ၍ အများပြည်သူ သွားလာခွင့် တားမြစ်၊ပိတ်ပင်လိုက်ပြီး မလိုက်နာပါက ထိရောက်စွာအရေးယူ မည်ဖြစ်ကြောင်း CDF မင်းတပ် (သတင်းနှင့်ပြန်ကြားရေးဌာန)က အရေးပေါ်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မိုးကာအလုံပိတ်ကား အစီးရေ ၁၀၀ကျော် ချင်းတောင်ဘက်သို့ ဦးတည်မောင်းနှင်လာပြီးနောက် အထက်ပါသတိပေးချက် ကို ယနေ့(ဇူလိုင်၁၈ရက်)ည ထုတ်ပြန် ခြင်းဖြစ်သည်။

“ထုတ်ပြန်ကြေညာမှု အပေါ် မလိုက်နာပါက CDF မင်းတပ်နေဖြင့်ထိရောက်စွာ အရေးယူ မည်ဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက လုံး၀ တာ၀န် ယူမည်မဟုတ်ပါ”ဟု CDF-မင်းတပ်(သတင်းနှင့်ပြန်ကြား ရေးဌာန)က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ပခုက္ကူမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းသည် ယနေ့(ဇူလိုင် ၁၈ရက်)တွင် ကျောက်ထု မြို့သို့ရောက်ရှိလာရာအကယ်၍ မင်းတပ် – မတူပီ လမ်းအတိုင်း မတူပီမြို့သို့ ဆက်သွားပါကတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ မင်းတပ် – မတူပီလမ်းက ကျွန်တော်တို့က တိုက်ပွဲတွေဖြစ်မှာကိုး။ တိုက်ပွဲတွေ ဖြစ်ရင် ကြားထဲမှာ ပြည်သူတွေကို ဒုက္ခမရောက်စေချင်တာပေါ့။ဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ရင် ပြည်သူတွေက မသိဘဲ သွားလာရင် အန္တရာယ်ဖြစ်မှာ စိုးလို့ တားမြစ်တဲ့ သဘောပါ”ဟု ၎င်းက ဆိုသည်။

ပခုက္ကူမြို့မှ ဇူလိုင် ၁၇ရက် နံနက်က ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း သည် ယနေ့ညနေ တွင် ကျောက်ထုမြို့သို့ ရောက်ရှိနေပြီ ​ကျောက်ထုဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။ ကျောက်ထုအားကျော်လွန်ပါက ချင်းတောင်သို့ ရောက်ရှိမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook