Connect with us

Hi, what are you looking for?

သတင်း

မီးရှို့ဖျက်ဆီးခံရသည့် ကန့်ဘလူနယ် ကျီစုရွာအား နွေဦးမိတ်ဆွေများ(စင်္ကာပူ) လှူဒါန်းမှုပြုလုပ်

ယခုအကြိမ်သည် နွေဦးမိတ်ဆွေ(စင်္ကာပူ)အဖွဲ့က ပေးပို့သောအလှူငွေကို လေလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲ လှူဒါန်းပေးခဲ့ကြောင်း KURDAF က အသိပေးသည်။

ကျီစုကျေးရွာအား သွားရောက်လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF
ကျီစုကျေးရွာအား သွားရောက်လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကျီစုကျေးရွာက နေအိမ်ဆုံးရှုံးခဲ့သော ပြည်သူများအတွက် နွေဦးမိတ်ဆွေများ (စင်္ကာပူ)က လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ကျီစုကျေးရွာရှိ နေအိမ်မီးရှို့ခံရသော ပြည်သူများအတွက် ဆန်အိတ်ပိုင်း (၃၀)နှင့် မိုးကာ (၁၆) ခု၊စုစုပေါင်းကာလတန်ဖိုး ၂၃သိန်းဖိုးကို ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစုမှတဆင့် လှူဒါန်းပေးခဲ့သည်။

ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)သည် ပြီးခဲ့သည့် ဩဂုတ်၄ရက်ကလည်း ကျီစုကျေးရွာအတွက် ပထမအကြိမ် သီးသန့် ခေါင်းစဉ်ဖြင့် အလှူခံပြီး ထမင်းထုတ် ၁,၀၀၀နှင့် ဆန်အိတ် ၁၅အိတ် ကနဦး ကူညီခဲ့သည်။

ကျီစုကျေးရွာအား သွားရောက်လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF
ကျီစုကျေးရွာအား သွားရောက်လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF

ယခုအကြိမ်သည် နွေဦးမိတ်ဆွေ(စင်္ကာပူ)အဖွဲ့က ပေးပို့သောအလှူငွေကို လေလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲ လှူဒါန်းပေးခဲ့ကြောင်း KURDAF က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဇူလိုင်၁၈ ရက်နှင့် ၁၉ရက်က ကျီစုကျေးရွာအား နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၃၀၀ခန့် ပျက်စီးဆုံးရှုံးကာ ပြည်သူ ၄၀ ဦးခန့်သတ်ဖြတ်ခံခဲ့ရသည်။

KURDAF အဖွဲ့သည် ဩဂုတ် ၂၀ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီး ကျေးရွာ၊ မီးဘေးသင့်ပြည်သူများအတွက် ပြည်သူထည့်ဝင်ငွေများဖြင့် ပူးပေါင်းပြီး ဆန်အိတ်ပိုင်း (၁၈)အိတ် ကာလတန်ဖိုး ၁၀ သိန်းကျပ် ပေးပို့ လှူဒါန်းခဲ့သည်။

စစ်ဘေးရှောင် ၊ မီးဘေးသင့် ပြည်သူများကို လှူဒါန်းလိုပါက KURDAF NUGPay (kurdaf*nugpay.app) အကောင့်ကို လှူဒါန်းနိုင်ကြောင်း ၎င်းအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်