Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းတွင် စစ်ကောင်စီတပ်က ဆီစက်တစ်လုံးနှင့် CDM ကျောင်းဆရာနေအိမ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် မင်းကင်းမြို့နယ်တွင် ပျူစောထီးရွာဖြစ်သည့် ပန်းဆက်ရွာ၌ အထိုင်ချကာ PDF လှုပ်ရှားနယ်မြေတဝိုက်သို့ ပျူစောထီးများနှင့် စစ်ကြောင်းထိုးနေသည်။

(ခင်ဦးကျေးရွာရှိ ဆီစက်နှင့် CDM ကျောင်းဆရာနေအိမ်အား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - TDPDF)
(ခင်ဦးကျေးရွာရှိ ဆီစက်နှင့် CDM ကျောင်းဆရာနေအိမ်အား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - TDPDF)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က CDM ကျောင်းဆရာ၏ နေအိမ်နှင့် ဒေသခံတစ်ဦး၏ ဆီစက်အား မီးရှို့ဖျက်ဆီးသွားကြောင်း တောင်တွင်း PDF(မင်းကင်း) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်၂၆ ရက်) မွန်းလွဲ ၂နာရီခန့်က မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ခင်ဦးကျေးရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာကာ CDM ကျောင်းဆရာ ဦးမောင်စိန်၏ နေအိမ်နှင့် ဦးပိုဝင်း၏ ဆီစက်ရုံတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်တွင်း PDF(မင်းကင်း)က အသိပေးသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက ကလေးဝမှ တောင်တွင်းဘက်သို့ စစ်ကား ၇ စီးအပြည့် အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်း ထိုးလာခဲ့ခြင်းဖြစ်ပြီး ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တောင်တွင်း PDFက ဆိုသည်။

“ကျွန်တော်တို့အနေဖြင့် မိုင်းများကိုကြိုတင်ပြင် ဆင်ထားသော်လည်း မိုးများရွာနေသည့်အတွက် ထင်သလောက်အလုပ်မဖြစ်ခဲ့ပါ။လက်လုပ်တူမီးကိုသာ အဓိကထားနေရတဲ့ ကျွန်တော်တို့ PDF လေးတွေအတွက်တော့ အခွင့်မသာခဲ့ပါ။ အပြန် အလှန်ထိတွေ့မှုခဏ ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်အကျဆုံးကိုတော့ အတိကျမသိရပါ”ဟု တောင်တွင်း PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး တောင်တွင်း PDFက “ကျွန်တော် တို့PDF တွေ အနေနဲ့ကတော့ ရှိတာနဲ့အကောင်းဆုံးရင်ဆိုင်သွားမှာပါ။ဒါပေသိ ထိရောက်တဲ့အောင်ပွဲတွေရဖို့ဆိုရင်တော့ လိုအပ်တဲ့လက်နက်ယမ်းတွေ ကူညီပေးဖို့လိုပါတယ်ဗျ။”ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မင်းကင်းမြို့နယ်တွင် ပျူစောထီးရွာဖြစ်သည့် ပန်းဆက်ရွာ၌ အထိုင်ချကာ PDF လှုပ်ရှားနယ်မြေတဝိုက်သို့ ပျူစောထီးများနှင့် စစ်ကြောင်းထိုးနေသည်။

မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်းတဝိုက်တို့တွင် ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးရှင်းလင်းရေးလုပ် ဆောင်ပြီး နယ်မြေစိုးမိုးမှုရရှိရန် စီမံချက်ချနေသည်ကိုတွေ့ရကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။

မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်သည် ကလေး၀-ယာကြီးလမ်းပိုင်းရှိ စခန်းကြီးကျေးရွာတွင်စခန်းချနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်