Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

လောင်းပြည့် နှင့်သံပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီ အင်အား ၁၀၀ခန့်ကို ရဟတ်ယာဉ်ဖြင့်ချ ထားပြီး စစ်ကြောင်းစတင်ထိုးနေသည်ဟု ဆိုသည်။

(စစ်​ကောင်စီတပ်က ယင်းမာပင်နယ်ရှိ ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှတစ်စီး။ ဓာတ်ပုံ - CJ)
(စစ်​ကောင်စီတပ်က ယင်းမာပင်နယ်ရှိ ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှတစ်စီး။ ဓာတ်ပုံ - CJ)

မင်းကင်းမြို့နယ်အတွင်း ကျေးရွာအချို့ကို ယနေ့(သြဂုတ် ၆ရက်)နေ့လယ်မှ စတင်ကာ စစ်ကောင်စီက ရဟတ်ယာဥ် လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ သည်ဟု သတင်းရရှိသည်။

မင်းကင်းမြို့နယ်လောင်ပြည့်နှင့် သံပေါက်ခြာကျေးရွာကို နေ့လည် ၂နာရီမှစ၍ လေကြောင်းမှ တိုက်ခိုက်နေသည်ဟု Myanmar Defense Force ဗဟို ပြန်ကြားရေးကော်မတီက သတင်း ထုတ်ပြန်သည်။

“ရှေ့ကနေ တိုက်လေယာဥ်ကပစ်ပြီး နောက်ကနေ ရဟတ်ယာဥ်နဲ့လူလာချတယ်။ မဲမဲမြင်ရာ ပစ်နေတာ”ဟု မင်းကင်းမြို့မှ ပြည်သူ့ကာကွယ်ရေး ရဲဘော် တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လောင်းပြည့် နှင့်သံပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီ အင်အား ၁၀၀ခန့်ကို ရဟတ်ယာဉ်ဖြင့်ချ ထားပြီး စစ်ကြောင်းစတင်ထိုးနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ရွာကဒေသခံတွေ ထွက်ပြေးနေရတယ်။ ကျွန်တော်တို့ကြားသလောက် မင်းကင်း၊ ဒီပဲယင်း၊ ရေဦးနယ်တွေကို တပြိုက်နက်တိုက်နေတာ”ဟု ဒီပဲယင်းမြို့အ​ခြေစိုက် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက် မှုရှိနိုင်ပြီး မြေပြင်သတင်းတိကျစွာ မသိရသေးကြောင်း Myanmar Defense Forceက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။