Connect with us

Hi, what are you looking for?

News

UWSAဌာနချုပ် ပန်ဆန်းရှိ လူ ၅သိန်းကျော်အား ကိုဗစ်စစ်ဆေးရာ ပိုးတွေ့သူမရှိ

UWSA အနေဖြင့် ၎င်းဒေသတွင်း၌ COVID-19 ရောဂါပိုးစတင်တွေ့ရှိစဉ်ကတည်းက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တင်းကြပ်စွာလုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံဘက်ခြမ်း၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ရရှိခဲ့သည်။

၀လက်နက်ကိုင်အဖွဲ့(UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့ရှိ လူဦးရေ ၅သိန်းကျော်အား COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့သူ မရှိကြောင်း WSTVက ယမန်နေ့က ထုတ်ပြန်သည်။

မြန်မာ- တရုတ်နယ်စပ်ရှိ ပန်ဆန်းမြို့တစ်မြို့လုံးကို ဒုတိယအကြိမ် အာခေါင်တို့ဖက်စစ်ဆေးခြင်းကို ဩဂုတ် ၂၁ရက်တွင် ပြီးဆုံးခဲ့ပြီး စုစုပေါင်းစစ်ဆေးသူ ၅၂,၉၂၂ဦးရှိကြောင်း၊ စစ်ဆေးမှုရလဒ်အားလုံးမှာ Negative ထွက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပန်ဆန်းမြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ခွင့်ပြုချက်အရ ပန်ခမ်းမြို့အတွင်း ယနေ့ညမှစ၍ ပုံမုန်သွားလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

UWSA အနေဖြင့် ၎င်းဒေသတွင်း၌ COVID-19 ရောဂါပိုးစတင်တွေ့ရှိစဉ်ကတည်းက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တင်းကြပ်စွာလုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံဘက်ခြမ်း၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျပြီး အလုပ်သမား ၃ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။