Connect with us

Hi, what are you looking for?

သတင်း

“ဝ”ဒေသ ပန်ဆန်းမှာ ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျပြီး အလုပ်သမား ၃ ဦး သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျပြီး အလုပ်သမား ၃ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျပြီး အလုပ်သမား ၃ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျပြီး အလုပ်သမား ၃ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဆန်းမြို့အဝင် အဝိုင်းပတ်နေရာမှာ သံထည်နဲ့ ပြင်ဆင်တည်ဆောက်နေတဲ့ အဆောက်အအုံတစ်ခု ယမန်နေ့ သြဂုတ်၂၁ရက်‌က ပြိုကျတာလို့ သိရပါတယ်။

“အဆောက်အအုံက မမြင့်ဘူး။ ဆိုင်ခန်းတွဲပေါ့။ ကြီးတော့ကြီးတယ်။ ပြိုကျပြီးမကြာခင်မှာပဲ ဝတပ်က ရဲတွေ ရောက်လာပြီး လမ်းပိတ်တယ်။ ‌သုံးယောက်ကတော့ အဲဒီမှာပဲသေဆုံးသွားတယ်။ဒဏ်ရာရတွေလည်းရှိတယ်ဗျ။ အဆောက်အအုံရဲ့ဘေးနားကလူတချို့ပါထိတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပန်ဆန်းမြို့ဟာ စည်ကားတဲ့မြို့တစ်မြို့ဖြစ်ပါတဗယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အများအပြားရှိနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မြန်မာနိုင်ငံအရပ်ရပ်ကလာပြီး အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်းရှိနေပါတယ်။

မနေ့က ဖြစ်တဲ့ အဆောက်အအုံပြိုကျမှုကို သေချာစုံစမ်းစစ်ဆေးပေးဖို့နဲ့ သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို သင့်တော်တဲ့လျော်ကြေးပေးဖို့လိုအပ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA ကတော့ တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။UWSA လားရှိုးမြို့ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်နဲ့ ပန်ခမ်းမြို့မှာ ရေဘေးဆက်လက်ကြုံတွေ့နေချိန်မှာပဲ ပန်ဆန်းမြို့က ဂိုထောင်တစ်ခု မီးအကြီးအကျယ်လောင်ကျွမ်းနေပါတယ်။

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆန်းမြို့က ဂိုထောင်တစ်ခု ယနေ့မီးလောင်ကျွမ်းခဲ့သည်။

News

UWSA အနေဖြင့် ၎င်းဒေသတွင်း၌ COVID-19 ရောဂါပိုးစတင်တွေ့ရှိစဉ်ကတည်းက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တင်းကြပ်စွာလုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံဘက်ခြမ်း၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ရရှိခဲ့သည်။