Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ကျော် သေဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ယမန်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရွှေကူတဲစုကျေးရွာအနီးတွင်တစ်ကြိမ်၊ ညနေ ၅ နာရီခန့်က ရေဦး မူးမြစ်ကူးနားတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

(ခင်ဦးဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-KSO)
(ခင်ဦးဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-KSO)

စစ်ကောင်စီတပ် ပိုမိုအကြမ်းဖက်လာနိုင်၍ ဒေသခံများ သတိပြုနေထိုင်ရန် PDFများ သတိပေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ သုံးပွင့်၊ နှစ်ပွင့် အရာရှိ သုံးဦးအပါအဝင် ၃၄ ဦးတိတိသေဆုံးပြီး အရာရှိများအား ရဟတ်ယာဥ်ဖြင့် လာရောက်သယ်ဆောင်မည်ဟု သိရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယမန်နေ့က တိုက်ပွဲ၌ အရာရှိသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား အများအပြားသေဆုံးသွား၍ စစ်ကောင်စီတပ်က ပိုမိုအကြမ်းဖက်လာနိုင်သောကြောင့် နယ်သူနယ်သားများ သတိပြုနေထိုင်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

၅/ခဥနပါ မှတ်ပုံတင်ကတ် ကိုင်ဆောင်သူများကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခိုင်းထားသည်ဟု သတင်းရရှိကြောင်း၊ ထို့ကြောင့် ရွှေဘိုလေ့ကျင့်ရေး(၈)စစ်ဆေးရေးဂိတ်၊ ရွှေဘိုမြောက်ဘက်အထွက် မဟာနန္ဒာကန်တော်လမ်းထိပ် OMCမူးဘောင် စစ်ဆေးရေးဂိတ်၊ ရေဦး- မူးမြစ်ကူးတံတားအနောက်ထိပ်၊ ကြာပန်းဝိုင်းစစ်ဆေးရေးဂိတ်၊ ကန့်ဘလူ-ဇီးကုန်းMEC သကြားစက် စစ်ဆေးရေးဂိတ်များအပါအဝင် မလိုအပ်ဘဲ အပြင်သွားလာမှုများ သတိထားရန်၊ဝေဟင်သတင်းကိုလည်း အမြဲနားစွင့်နေပေးကြပါရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးကြေညာသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ယမန်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရွှေကူတဲစုကျေးရွာအနီးတွင်တစ်ကြိမ်၊ ညနေ ၅ နာရီခန့်က ရေဦး မူးမြစ်ကူးနားတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook