Connect with us

Hi, what are you looking for?

သတင်း

PDF နဲ့မပတ်သက်ဖို့ မန္တလေးမှာ ရပ်ကွက်အလိုက် စစ်ကောင်စီ လိုက်လံတွေ့ဆုံခြိမ်းခြောက်နေ

ဒီနေ့ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဉ်ရပ်ကွက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့တွေ့ဆုံပွဲ နဲ့ မနီးမဝေးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

မန္တလေးမှာ လုပ်တဲ့ စစ်ကောင်စီရဲ့တွေ့ဆုံပွဲတစ်ခု(ပုံဟောင်း)
မန္တလေးမှာ လုပ်တဲ့ စစ်ကောင်စီရဲ့တွေ့ဆုံပွဲတစ်ခု(ပုံဟောင်း)

မန္တလေးမြို့ပေါ် နယ်မြေအေးချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကောင်စီတပ်ဟာ ရပ်ကွက်အလိုက် ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံတာတွေကို ဒီရက်ပိုင်းမှာလုပ်ဆောင်လာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီရဲ့တွေ့ဆုံပွဲကို သက်ဆိုင်ရာ ရပ်ကွက်က ပြည်သူတွေ မလာမနေရ ခြိမ်းခြောက်တာမျိုးရှိတယ်လို့လည်းဒေသခံအချို့က ပြောပြကြပါတယ်။

” သူတို့က တစ်အိမ်တစ်ယောက်မလာမနေရ၊ မလာတဲ့အိမ်ကို ဝင်မွှေမယ်ဆိုပြီး ခြိမ်းခြောက်သေးတာ”လို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သူ ပြည်သူတစ်ဦးက ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲတွေမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ အပေါင်းအပါတွေဟာ တက်ရောက်လာတဲ့ ပြည်သူတွေကို PDF နဲ့ပတ်သက်ဆက်နွယ်တာမလုပ်ဖို့ အဓိက ထား ပြောဆိုကြတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဉ်ရပ်ကွက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့တွေ့ဆုံပွဲ နဲ့ မနီးမဝေးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

ပေါက်ကွဲမှုကြောင့် တွေ့ဆုံပွဲကိုတက်လာတဲ့အမျိုးသားကြီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook