Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ နန်းမြောက်မှထွက်လာသော စစ်ကောင်စီတပ်က မတ္တရာနယ် ဇီးဖြူပင်ရွာကို မီးရှို့ဖျက်ဆီးနေ

“ဒေသခံပြည်သူ တစ်ချို့တစ်၀က် ပြေးနေရပြီ။ အနည်း အကျဉ်းဘဲ ကျန်ခဲ့ပါတယ်”ဟု တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မတ္တရာနယ်
မတ္တရာနယ်

မန္တလေးမြို့ နန်းမြောက်အပေါက်မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၅၀ ခန့်သည် မတ္တရာမြို့နယ် ဇီးဖြူပင်ကျေးရွာအား ယနေ့(သြဂုတ် ၂၃)ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံမှ သတင်းရရှိသည်။

စစ်ကားခြောက်စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ်များသည် ယမန်နေ့(သြဂုတ် ၂၂ ရက်) တွင် မကျည်းတန်းရွာ၌ညအိပ်ပြီး ယနေ့ နေ့လယ် ၂ နာရီကျော်တွင် ဇီးဖြူပင်ရွာသို့ရောက်ရှိကာ ညနေ ၄ နာရီ ၁၅ ခန့်တွင် နေအိမ်များအား စတင်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒေသခံပြည်သူ တစ်ချို့တစ်၀က် ပြေးနေရပြီ။ အနည်း အကျဉ်းဘဲ ကျန်ခဲ့ပါတယ်”ဟု တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် ဇီးဖြူပင်ရွာရှိ သစ်တောရုံးနှင့် ကျေးရွာစာသင် ကျောင်းတို့တွင် အထိုင်ချတပ်စွဲထားပြီး အဆိုပါ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခံနေရသော ဇီးဖြူပင်ကျေးရွာတွင် အိမ်ခြေ (၁၅၀)ကျော် ရှိကြောင်း အထက်ပါ တော်လှန်ရေးရဲဘော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

မတ္တရာနယ် ဇီးဖြူပင်ကြိုးတံတားအနီးတွင် သြဂုတ် ၂၁ ရက်နေ့နေ့လယ်ပိုင်းက အင်အား (၂၇)ဦးခန့်ဖြင့် ခြေ ကျင်တက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်သိမ်းနှင့် နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။