Connect with us

Hi, what are you looking for?

သတင်း

နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်

ထို့အပြင် ဝယ်ယူနိုင်မည့် ဒုတိယပုံစံတွင် ဆိုင်းငံ့ငွေ ၆၀ ရာခိုင်နှုန်းအား တော်လှန်ရေးအပြီး ပေးချေရန်ဟု အသီး သီးသတ်မှတ်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်
နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်

NUG အစိုးရကစီစဥ်သည့် နွေဦးမော်ကွန်းသစ်စီမံကိန်းမှ အမေရိကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်သွားကြောင်း စီစဥ်ရောင်းချပေးခဲ့သည့် The End Of Dictatorship က ယနေ့ (စက် တင်ဘာ ၁)ညနေ ၄ နာရီခန့်တွင် အသိပေးထုတ်ပြန်သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သံသုမလမ်းမကြီးပေါ်ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းနေရာအား ပေ ၄၀ × ၆၀ အကွက်များသတ်မှတ်၍ ယနေ့ (စက်တင်ဘာ ၁ ရက်)တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၁၅ နာရီအတွင်း မြေကွက်အားလုံး ရောင်းကုန်သွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်
နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်

မြေကွက်တစ်ကွက်လျှင် ရောင်းစျေးအဖြစ် အမေရိကန်ဒေါ်လာ ၃၂,၀၀၀ သတ်မှတ်ထားပြီး လက်ငင်းဝယ်ယူသူအား ၄၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ဒေါ်လာ ၁၂,၈၀၀ သတ်မှတ်ကာ ယင်းကျသင့်ငွေအား အရစ်ကျသုံးလသတ်မှတ်ပေးထားသည်။

ထို့အပြင် ဝယ်ယူနိုင်မည့် ဒုတိယပုံစံတွင် ဆိုင်းငံ့ငွေ ၆၀ ရာခိုင်နှုန်းအား တော်လှန်ရေးအပြီး ပေးချေရန်ဟု အသီး သီးသတ်မှတ်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဝယ်ယူသည့် တော်လှန်ပြည်သူ အပေါင်းနဲ့ အရောင်းကိုယ်စားလှယ်များကို ကျေးဇူး အထူးပါ”ဟု The End Of Dictatorship က ကျေးဇူးစကားဆိုထားသည်။

အထက်ပါ နွေဦးမော်ကွန်းသစ်စီမံကိန်းတွင် ဆက်လက်ရောင်းချရန် ပေ ၆၀ × ၈၀ မြေကွက် တစ်ကွက်လျှင် အမေရိကန်ဒေါ်လာ ၆၄,၀၀၀ သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။