Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့ပေါ် ဗုံးပေါက်၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ဗုံးပေါက်ကွဲသောနေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မကြာခဏကင်းပတ် ကင်းပုန်းလေ့ရှိသည့်နေရာဖြစ်ပြီး လူသူအသွားအလာနည်းကြောင်း သိရသည်။

ခင်ဦးမြို့
ခင်ဦးမြို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက် ၁၀နာရီ ၂၀မိနစ်ခန့်က ခင်ဦးမြို့ ဘူတာအရှေ့ဘက် ပန်းခြံနှင့် ပေလမ်းကူး ကန်တော်တံတား အရှေ့ဘက်ထိပ် (၁၀)ပေခန့်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ဗုံးပေါက်ကွဲမှုကြောင့် အသက်(၂၅)နှစ်အရွယ် မမီးမီးဆိုသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိကာ ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ဗုံးပေါက်ကွဲသောနေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မကြာခဏကင်းပတ် ကင်းပုန်းလေ့ရှိသည့်နေရာဖြစ်ပြီး လူသူအသွားအလာနည်းကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ခင်ဦးနယ်တိုက်ပွဲ၌ အရာရှိသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံး၍ စစ်ကောင်စီတပ်က ပိုမိုအကြမ်းဖက်လာနိုင်သောကြောင့် နယ်သူနယ်သားများ သတိပြုနေထိုင်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။