Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

သြဂုတ် ၃၁ ရက် ညက မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးသွားခဲ့သည်။

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား
မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ​၍ သေဆုံးပြီးနောက် စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူး ဆွေမျိုးသားချင်းများပါမချန် ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၃၁ ရက် ညက မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးသွားခဲ့သည်။

ထိုနောက် ယမန်နေ့( စက်တင်ဘာလ၁ရက်)တွင် ကျောက်ကုန်းရွာရှိ ပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ငါးဦးမှာ အုပ်ချုပ်ရေးမှူး၏ တူတော်စပ်သူများဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် သြဂုတ် ၃၁ရက်နှင့် စက်တင်ဘာ ၁ ရက်တွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်အတွင်းရှိ ကျောက်ကုန်းရွာအပါအဝင် ပျား၊ စံပြ၊ မီးပေါက် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၂၆ဦးထက်မနည်း ဖမ်းဆီးသွားခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဖမ်းဆီးခံရတဲ့ထဲမှာ မီးပေါက်အုပ်စုက NLD ရပ်ကျေးဥက္ကဌဦးလှမြင့်ပါဝင်ပြီး ပျားရွာက အမျိုးသမီးနှစ်ဦးပါဝင်ခဲ့ပါတယ်။ အများစုက ပန်းရံလုပ်ကိုင်သူများဖြစ်တယ်လို့ သိရတယ် “ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်များပါ ဖြတ်တောက်ခြင်းခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။