Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

သြဂုတ် ၃၁ ရက် ညက မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးသွားခဲ့သည်။

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား
မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ​၍ သေဆုံးပြီးနောက် စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူး ဆွေမျိုးသားချင်းများပါမချန် ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၃၁ ရက် ညက မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးသွားခဲ့သည်။

ထိုနောက် ယမန်နေ့( စက်တင်ဘာလ၁ရက်)တွင် ကျောက်ကုန်းရွာရှိ ပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ငါးဦးမှာ အုပ်ချုပ်ရေးမှူး၏ တူတော်စပ်သူများဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် သြဂုတ် ၃၁ရက်နှင့် စက်တင်ဘာ ၁ ရက်တွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်အတွင်းရှိ ကျောက်ကုန်းရွာအပါအဝင် ပျား၊ စံပြ၊ မီးပေါက် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၂၆ဦးထက်မနည်း ဖမ်းဆီးသွားခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဖမ်းဆီးခံရတဲ့ထဲမှာ မီးပေါက်အုပ်စုက NLD ရပ်ကျေးဥက္ကဌဦးလှမြင့်ပါဝင်ပြီး ပျားရွာက အမျိုးသမီးနှစ်ဦးပါဝင်ခဲ့ပါတယ်။ အများစုက ပန်းရံလုပ်ကိုင်သူများဖြစ်တယ်လို့ သိရတယ် “ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်များပါ ဖြတ်တောက်ခြင်းခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။