Connect with us

Hi, what are you looking for?

သတင်း

ကရင်နီဒေသ ပညာရေးကျောင်း ၁၂၀ကျော်အတွက် “စစ်ရှောင်ပညာရေး အလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ”အစီအစဥ် စတင်

အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှ တစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်း ဖော်ပြသည်။

ကရင်နီဒေသ ပညာရေးကျောင်း ၁၂၀ကျော်အတွက် "စစ်ရှောင်ပညာရေး အလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ"အစီအစဥ် စတင်
ကရင်နီဒေသ ပညာရေးကျောင်း ၁၂၀ကျော်အတွက် "စစ်ရှောင်ပညာရေး အလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ"အစီအစဥ် စတင်

ကရင်နီ(ကယား)ဒေသရှိ ပညာရေးကျောင်း ၁၂၀ကျော်အတွက် “စစ်ရှောင်ပညာရေးအလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ”အစီအစဥ် ယနေ့(စက်တက်ဘာ ၃) စတင်ပြီဖြစ်ကြောင်း ပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU)က အသိပေးထုတ်ပြန်သည်။

အဆိုပါအစီအစဥ်ကို ယနေ့ (စက်တင်ဘာ ၃ ရက်)မှ စက်တင်ဘာ ၁၆ရက်အထိ (၁၉)ရက်တာ လှုပ်ရှားမှုမှ ကူညီပံ့ပိုးငွေ ကျပ်သိန်းသုံးရာ့ငါးဆယ်ကျော်(၃၅,၄၃၈,၀၀၀) ရရှိရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုမြို့နယ်တွင် CDM ဆရာ၊ ဆရာမများ၊ Volunteers ဆရာ၊ ဆရာမများ နှင့် စစ်ရှောင်ပြည်သူများ၏ ပူးပေါင်းမူအားဖြင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့် မဆုံးရူံးရစေရန် ကြားကာလ ပြည်သူ့အ​ခြေပြု ကိုယ်ထူကိုယ်ထကျောင်း ၁၂၃ ကျောင်း ကျော်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ အကူအညီများလိုအပ်နေခြင်းကြောင်း ယခုအစီအစဥ်ကိုပြုလုပ်ခြင်းဖြစ်ကြောင်း အသိပေးသည်။

“တော်လှန်ရေးကြားကာလ ပြည်သူ့အ​ခြေပြုကျောင်းများ ကောင်မွန်စွာ လည်ပတ်နိင်ရေးအတွက် အခက်အခဲများစွာရှိနေပါသည်။ထိုလိုအပ်ချက်များကို ဖြည့်စည်းရန်အတွက် လိုအပ်သည် ပမာဏ ပြည့်မြောက်ရန် ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်”ဟု KBETU က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရံပုံငွေမှ ရရှိငွေများကို ဒီမော့ဆိုမြို့နယ် အ​​ခြေခံပညာကျောင်းသားများသမဂ္ဂထံမှတစ်ဆင့် ဒီမော့ဆိုမြို့နယ်ရှိ ကြားကာလ ပြည်သူ့အ​ခြေပြု မြေပြင်ကျောင်းများသို့ တိုက်ရိုက်စီးဆင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှ တစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်း ဖော်ပြသည်။

အထက်ပါ လှုပ်ရှားမှုအစီအစဥ်ကို ဒီးမော့ဆိုမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် ထားဝယ်၊ ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ လူငယ်များသမဂ္ဂ (ဗဟို)၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၊ နေပြည်တော်သူနာပြုသင်တန်းကျောင်း၊ ရမည်းသင်းနည်းပညာတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ပျဥ်းမနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ စသည့် ကျောင်းသားသမဂ္ဂများနှင့် Fundraising by YZT နှင့် ကယားပြည်နယ်လုံး ဆိုင်ရာ အခြေခံပညာဆရာများ သမဂ္ဂတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဒီနေ့ (မတ်၁၇)မှာ ဇီဝ‌ဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

ဆောင်းပါး

ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။