Connect with us

Hi, what are you looking for?

ဗီဒီယို

ပြည်ပကို တိမ်းရှောင်သွားတဲ့ သမ္မတဟောင်း သီရိလင်္ကာကို ပြန်ရောက်လာ

ဂိုတာဘာယာကို ပြည်သူတွေ ဆန္ဒပြကြတယ် ဆိုတာက အစိုးရရဲ့ ညံ့ဖျင်းမှု၊ အဂတိ ထူပြောမှုတွေအပေါ် မကျေနပ်လို့သာဖြစ်ပြီး ပုဂ္ဂိုလ်ရေး မုန်းတီးမှု အစွဲတွေ မပါဝင်ကြောင်း သူက ဆိုပါတယ်။

ရာထူးက နုတ်ထွက်ပြီး ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ သီရိလင်္ကာ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ခ်ဆာဟာ အခုအခါ ဇာတိ နိုင်ငံကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ယာယီသွားရောက် ခိုလှုံနေတဲ့ သမ္မတဟောင်းဟာ စင်ကာပူကနေတဆင့် အခုအခါ ကိုလံဘို မြို့တော်ဆီ ပြန်လာခဲ့ပြီလို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ လက်ရှိ သီရိလင်္ကာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ် တချို့ဟာ လေဆိပ်မှာ သူ့ကို သွားရောက် စောင့်ကြိုခဲ့ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

သီရိလင်္ကာဟာ နိုင်ငံရဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီအခြေအနေအတွက် ဂိုတာဘာယာရဲ့ အစိုးရကို ပြည်သူတွေက ခါးခါးသီးသီး အပြစ်တင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဆန္ဒပြ ပြည်သူတွေက သမ္မတ အိမ်တော်ထဲထိ ဝင်ရောက် စီးနင်းခဲ့ပြီး ဆူပူ အုံကြွလာတဲ့အတွက် ဂိုတာဘာယာက ရာထူးက နုတ်ထွက်ပေးဖို့ သဘောတူခဲ့ရပါတယ်။

သူဟာ ရာထူးက နုတ်မထွက်ခင် တစ်ရက် အလိုမှာပဲ မော်လ်ဒိုက်ဗ် နိုင်ငံကို သိုသိုသိပ်သိပ် ထွက်ခွာသွားခဲ့ပါတယ်။ အကြောင်းကတော့ နောက်တက်လာမယ့် အစိုးရသစ်က သူ့ကို ဖမ်းဆီး အရေးယူတာမျိုးတွေ ရှိလာမှာ စိုးတာကြောင့်ပါ။ ဒါပေမဲ့ သမ္မတ နေရာကို ရာနေးလ် ဝစ်ခ်ရမ်မီဆင်ဟီက ဆက်ခံခဲ့တဲ့နောက် ဂိုတာဘာယာ အနေနဲ့ နေရပ်ပြန်ဖို့ အဆင်ချောလာခဲ့ပါတယ်။ ရာနေးလ်ဟာ သူ့လက်ထက်မှာ ဝန်ကြီးချုပ် တာဝန်ယူခဲ့ဖူးတဲ့ အမာခံ မဟာမိတ် တစ်ဦး ဖြစ်တာကြောင့်ပါ။

Public Service Announcement

Public Service Announcement

ရာနေးလ် အနေနဲ့ လက်ရှိ အချိန်မှာ ဂိုတာဘာယာနဲ့ ဆက်စပ်မှုကို အတတ်နိုင်ဆုံး ခပ်ကင်းကင်း ဖြစ်နေအောင် ကြိုးစားဖွယ် ရှိပေမယ့် သမ္မတဟောင်းကို အရေးယူ ဖမ်းဆီးတာမျိုးတော့ မလုပ်လောက်ဘူးလို့ နိုင်ငံရေး အကဲခတ်တွေ့ သုံးသပ်ကြပါတယ်။

ဆန္ဒပြသူတွေက ဂိုတာဘာယာ ပြန်ရောက်လာတဲ့ ကိစ္စအပေါ် တင်းတင်းမာမာ မတုံ့ပြန်ပေမယ့် သတိကြီးကြီး စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။ သီရိလင်္ကာ နိုင်ငံသားတိုင်းဟာ ကိုယ့်နိုင်ငံကိုယ် ပြန်ခွင့်ရှိကြောင်း၊ ဒါပေမဲ့ ဂိုတာဘာယာဟာ လက်ရှိ အစိုးရရဲ့ မူဝါဒရေးရာ ကိစ္စတွေမှာ ဝင်မစွက်တာ သေချာဖို့ လိုကြောင်း ထင်ရှားတဲ့ ဆန္ဒပြ ခေါင်းဆောင် ဖာသာ ဂျီဝမ်သာ ပိုင်ရိစ်က ပြောပါတယ်။

ဂိုတာဘာယာကို ပြည်သူတွေ ဆန္ဒပြကြတယ် ဆိုတာက အစိုးရရဲ့ ညံ့ဖျင်းမှု၊ အဂတိ ထူပြောမှုတွေအပေါ် မကျေနပ်လို့သာဖြစ်ပြီး ပုဂ္ဂိုလ်ရေး မုန်းတီးမှု အစွဲတွေ မပါဝင်ကြောင်း သူက ဆိုပါတယ်။

သီရိလင်္ကာ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဂိုတာဘာယာကို သမ္မတဟောင်း တစ်ဦး ရသင့်ရထိုက်တဲ့ လုံခြုံရေး အစီအမံတွေနဲ့ ကူညီ စောင့်ရှောက်သွားမယ်လို့ ကြေညာထားပါတယ်။ သီရိလင်္ကာဟာ ဂိုတာဘာယာ လက်ထက်မှာ လူသုံးကုန်၊ စားသောက်ကုန်၊ လောင်စာဆီတွေ အကြီးအကျယ် ခေါင်းပါး ပြတ်လပ်ကုန်ပြီး စျေးနှုူန်းတွေလည်း မတန်တဆ ကြီးမားတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။ အခုအခါ အခြေခံ စားသောက်ကုန်တွေ ပြည်တွင်းကို ပြန်ဝင်ရောက်လာပြီ ဖြစ်ပေမယ့် စျေးနှုူန်းတွေကတော့ အရင်ကထက် ၆၅ ရာခိုင်နှုန်းလောက် မြင့်တက်နေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။