Connect with us

Hi, what are you looking for?

သတင်း

ရေစကြို ရေလယ်ကျွန်းတွင် တစ်ရက်တည်း ရွာသုံးရွာမီးရှို့ခံရပြီး ပြည်သူတစ်ဦးအား စစ်ကောင်စီတပ် သတ်ဖြတ်သွား

ထို့အပြင် မြောင်နယ် ဘူးကိုင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ဒေသခံပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးမှာ အပြင်းအထန်ရိုက်နှက်ခံထားရကြောင်း CDSOM အဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ

▪️စစ်ကောင်စီတပ်က ရေစကြိုနှင့် မြောင် ကူးသန်းစစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် ယနေ့တစ်ရက်တည်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (စက်တင်ဘာ ၅ရက်) နံနက် ၉ နာရီခန့်က မြောင်နယ် ပန်းညိုရွာမှ စစ်ကောင်စီစစ်ကြောင်းသည် မကွေးတိုင်း၊ ရေစကြိုနယ် ရေလယ်ကျွန်းဒေသရှိ မြေတော်ကျေးရွာသို့ရောက်ရှိပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး နေအိမ်ပေါင်း မည်မျှမီးလောင်ကျွမ်းသွားသည်ကို အတည်မပြုနိုင်သေးကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ

နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်ကလည်း ရေစကြိုမြို့နယ် သင့်သည်ကျေးရွာအား စစ်ကေယင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း၊ ထို့အပြင် နေ့လယ် ပိုင်းတွင် ရေလယ်ကျွန်းဒေသရှိ ဇီးကုန်ကျွန်းကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မြောင်နယ်နှင့် မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ ကူးသန်းကာ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် မြောင်နယ် ဘူးကိုင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ဒေသခံပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးမှာ အပြင်းအထန်ရိုက်နှက်ခံထားရကြောင်း CDSOM အဖွဲ့က ပြောသည်။

“တိုက်တိုက် မတိုက်တိုက် မီးရှို့မဲ့အလုပ်ကတော့ စကစတို့ရဲ့အလုပ်မို့ လုပ်ပါလိမ့်မယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူ ၃,၀၀၀ကျော် ဟာ နေရပ်အိမ်ဆီသို့ မပြန်နိုင်သေးဘူး စစ်ရှောင်နေရပါသေးတယ် ။ တစ်ချို့ဆို ၅ ရက်ကျော်နေပြီး အိမ်မှာ လူကော နွားတွေကော ဆက်နေလို့ မရတော့ပါဘူး။”ဟု CDSOM အဖွဲ့က ပြောသည်။

လက်ရှိတွင် မြောင်နယ်အတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများအတွက် ပံ့သကူ Project တစ်ခု စီစဥ်နေပြီး ပြည်သူများ ဝိုင်းဝန်းပါဝင်ကူညီပေးရန် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM က မေတ္တာရပ် ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။