Connect with us

Hi, what are you looking for?

သတင်း

ရေစကြို ရေလယ်ကျွန်းတွင် တစ်ရက်တည်း ရွာသုံးရွာမီးရှို့ခံရပြီး ပြည်သူတစ်ဦးအား စစ်ကောင်စီတပ် သတ်ဖြတ်သွား

ထို့အပြင် မြောင်နယ် ဘူးကိုင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ဒေသခံပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးမှာ အပြင်းအထန်ရိုက်နှက်ခံထားရကြောင်း CDSOM အဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ

▪️စစ်ကောင်စီတပ်က ရေစကြိုနှင့် မြောင် ကူးသန်းစစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် ယနေ့တစ်ရက်တည်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (စက်တင်ဘာ ၅ရက်) နံနက် ၉ နာရီခန့်က မြောင်နယ် ပန်းညိုရွာမှ စစ်ကောင်စီစစ်ကြောင်းသည် မကွေးတိုင်း၊ ရေစကြိုနယ် ရေလယ်ကျွန်းဒေသရှိ မြေတော်ကျေးရွာသို့ရောက်ရှိပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး နေအိမ်ပေါင်း မည်မျှမီးလောင်ကျွမ်းသွားသည်ကို အတည်မပြုနိုင်သေးကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ

နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်ကလည်း ရေစကြိုမြို့နယ် သင့်သည်ကျေးရွာအား စစ်ကေယင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း၊ ထို့အပြင် နေ့လယ် ပိုင်းတွင် ရေလယ်ကျွန်းဒေသရှိ ဇီးကုန်ကျွန်းကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မြောင်နယ်နှင့် မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ ကူးသန်းကာ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် မြောင်နယ် ဘူးကိုင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ဒေသခံပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးမှာ အပြင်းအထန်ရိုက်နှက်ခံထားရကြောင်း CDSOM အဖွဲ့က ပြောသည်။

“တိုက်တိုက် မတိုက်တိုက် မီးရှို့မဲ့အလုပ်ကတော့ စကစတို့ရဲ့အလုပ်မို့ လုပ်ပါလိမ့်မယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူ ၃,၀၀၀ကျော် ဟာ နေရပ်အိမ်ဆီသို့ မပြန်နိုင်သေးဘူး စစ်ရှောင်နေရပါသေးတယ် ။ တစ်ချို့ဆို ၅ ရက်ကျော်နေပြီး အိမ်မှာ လူကော နွားတွေကော ဆက်နေလို့ မရတော့ပါဘူး။”ဟု CDSOM အဖွဲ့က ပြောသည်။

လက်ရှိတွင် မြောင်နယ်အတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများအတွက် ပံ့သကူ Project တစ်ခု စီစဥ်နေပြီး ပြည်သူများ ဝိုင်းဝန်းပါဝင်ကူညီပေးရန် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM က မေတ္တာရပ် ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။