Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများအခက်အခဲကြုံနေရချိန် ရွှေဘိုခရိုင်အတွင်း ချေးငွေကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားရန် (ပကဖ) မေတ္တာရပ်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ရွှေဘိုခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က စက်တင်ဘာ ၅ ရက်တွင် ပုဂ္ဂလိက ချေးငွေကုမ္ပဏီလုပ်ငန်းများနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

(ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း၌ ပြည်သူလူထု အခက်အခဲကြုံနေရချိန် ငွေချေးကုမ္ပဏီလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က မေတ္တာရပ်ခံသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ရွှေဘိုခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က စက်တင်ဘာ ၅ ရက်တွင် ပုဂ္ဂလိက ချေးငွေကုမ္ပဏီလုပ်ငန်းများနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် ယခုလက်ရှိ စစ်ကိုင်းတိုင်းဒေသသည် မြေပြင်အခြေအနေအရ စစ်ရေးတင်းမာနေချိန်ဖြစ်ပြီး အဖက်ဖက်မှ ကျဆုံးနေသော စစ်အာဏာရှင်တို့၏ အဆုံးစွန်အထိ ယုတ်မာခြင်းကို ပြည်သူလူထုကြီးမှာ အလူးအလဲ ခံစားနေရချိန်ဖြစ်ကြောင်း အသိပေးထားသည်။

(ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

ငွေစုငွေချေးလုပ်ငန်းရှင် ကုမ္ပဏီကြီးများအနေဖြင့် မိမိတို့၏ ကိုယ်ကြိုးကိုမကြည့်ဘဲ အများပြည်သူ၏ လက်ရှိဘဝများကိုကိုယ်ချင်းစာ၍ နားလည်မှုထားကာ ရွာစဉ်လျှောက်ပြီး ငွေစုငွေချေး ကောက်ခံနေခြင်းလုပ်ငန်းများကို ‌လူထုတော်လှန်ရေး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြုကျရေး ဒီမိုကရေစီတိုက်ပွဲ မပြီးဆုံးချိန်အထိ (သို့) တော်လှန်ရေး‌ရဲဘော်များ နယ်မြေစိုးမိုးမှုမရရှိခင် အချိန်ကာလတစ်ခုအထိ ယာယီရပ်ဆိုင်းထားပေးရန် အများပြည်သူလူထုနှင့်တော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား အထူးပင်မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ဟု ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အကယ်‌၍ လိုက်နာမှုမရှိခဲ့သည်ရှိသော် လုံးဝတာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ကြောင်းနှင့် မြေပြင်တော်လှန်ရေးအင်အားစုများချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်းသာ ခံယူသွားကြရန်ဖြစ်ကြောင်း ကြိုတင်အသိပေးထုတ်ပြန်လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်းတွင် သာမကဘဲ မကွေးတိုင်းရှိ စစ်ကောင်စီတပ်နှင့် ထိတွေ့မှုပြင်းထန်နေသော နယ်ဒေသများတွင်လည်း ချေးငွေလုပ်ငန်းများ ရပ်ဆိုင်းထားရန် ဒေသတွင်း PDFအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ကနေဆောက်လုပ်ပေးဖို့စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကိုဒေသခံပြည်သူတွေကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေ​ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။