Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း PDF အသိပေး

အကြမ်းဖက်စစ်ကောင်စီဘက်က မိုးဗြဲမြို့ လူနေရပ်ကွက်ထဲဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟုလည်း ဆိုသည်။

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် - MBPDFမှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် - MBPDFမှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

ရှမ်း – ကယား(ကရင်နီ)ပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(စက်တင်ဘာ ၈ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီဘက်က မိုးဗြဲမြို့ လူနေရပ်ကွက်ထဲဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးရန်နှင့် ခရီးသွားပြည်သူများအနေဖြင့် မိုးဗြဲလမ်းပိုင်းကို အသုံးမပြုသေးရန် MBPDFက သတိပေးသည်။

“မနက် ၈ခွဲလောက်ကစ ပစ်နေကြတာ။အခု(နံနက် ၁၀ နာရီ)အထိ ကြမ်းနေတုန်း။နောက်ဆက်တွဲသတင်းကတော့ ညနေပိုင်းလောက်မှ အတိအကျပြောလို့ရမယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့တွင်းသို့ အကြမ်းဖက်စစ်ကောင်စီက မကြာခဏဝင်ရောက်ထိုးစစ်ဆင်မှုများရှိ၍ ယခင်လကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။