Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်နေ၍ ပြည်သူများလုံခြုံစိတ် ချရသောနေရာများတွင်နေပေးကြရန် PDF သတိပေး

” မိုးဗြဲမြို့ တစ်နေရာ၌ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှုများရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးကြဖို့သတိပေးအပ်ပါသည်”ဟု MBPDF သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

(မိုးဗြဲPDFမှ စနိုက်ပါရဲဘော်တစ်ဦးအား တွေ့ရစဉ်)
(မိုးဗြဲPDFမှ စနိုက်ပါရဲဘော်တစ်ဦးအား တွေ့ရစဉ်)

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်နေပြီး ​​ဒေသခံပြည်သူ များလုံခြုံစိတ်ချရသောနေရာများတွင် နေပေးကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDFကအရေးပေါ်သတိပေးချက် ထုတ်ပြန်သည်။

MBPDFနှင့် စစ်ကောင်စီတပ်သည် ယနေ့ (သြဂုတ် ၂၇ရက်)ညတွင် တိုက်ပွဲဖြစ်ပွားနေသည်။

” မိုးဗြဲမြို့ တစ်နေရာ၌ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှုများရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးကြဖို့သတိပေးအပ်ပါသည်”ဟု MBPDF သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်မြို့နယ်အချို့နှင့် ရှမ်း၊ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲများ ပြင်းထန်လာသည်။ သြဂုတ် ၂၅ရက်တွင် စ်ကောင်စီတပ် ခြေမြန်တပ်ရင်း (၄၂၂)ကင်းစခန်းကို MBPDF တပ်ရင်း(၁) က သွားရောက်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်သား နှစ်ဦး ထိခိုက်ဒဏ်ရသွားသည်ဟု MBPDFက သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။