Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်သို့လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

Mytel ပိုက်ဖြင့် ဆင်ထားသော အင်အားပြင်း နှစ်ဆင့်ကွဲ ရှေ့ထွက်မိုင်းများဖြင့် အသင့်စောင့် ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရရှိသွားခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်များ)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ် စစ်ကြောင်းသုံးကြောင်းအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

စက်တင်ဘာ ၆ ရက်က ပုလဲမြို့မှ ထွက်ခွာလာသော အင်အား ၁၃၅ဦးခန့်ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဖြန့်ကျက်ထွက်လာကြစဉ် မြိုင်မြို့နယ်၊ ကံကြီးကျေးရွာအနီးအရောက်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

Mytel ပိုက်ဖြင့် ဆင်ထားသော အင်အားပြင်း နှစ်ဆင့်ကွဲ ရှေ့ထွက်မိုင်းများဖြင့် အသင့်စောင့် ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရရှိသွားခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးနားကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူ့နေအိမ်များထဲသို့ ဝင်ရောက်ပြီး ပုဆိုး၊သဘက်တို့ဖြင့် ဒဏ်ရာများကို စည်းနှောင်ပြီး ထမ်းပိုးသွားကြောင်း နယ်မြေခံများပြောပြချက်အရ သိရှိရသည်ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

နယ်မြေရှင်းလင်းရေးများ ပြန်လုပ်သည့်အခါ၌ ထိုကျေးရွာအတွင်း သွေးအိုင်များ တွေ့ရှိခဲ့ရ၍ ဒဏ်ရာရရှိသည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အဆိုပါစစ်ဆင်ရေးအား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၁၁)၊ပုလဲတပ်ရင်း (၅)မှ မိုင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ” သူတို့ဘက်က ၁၅ ယောက်လောက်ထိသွားတယ်။ မိုင်းရှိမှန်းမသိဘံ မိုင်းကွင်းထဲရောက်လာတာ။”ဟု ​ပြောသည်။

သို့သော် People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တွင်လည်း မြိုင်မြို့နယ်၊ ကန်နီရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသတွင်းမဟာမိတ်အဖွဲ့များနှင့်အတူ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်