Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြန်လည်ဖြစ်ပွား

မင်းတပ် CDF နှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဇွန်လကုန်ပိုင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ နောက်ဆုံးဖြစ်ခဲ့ပြီး နှစ်လကျော်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

မင်းတပ်CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြန်လည်ဖြစ်ပွား
မင်းတပ်CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြန်လည်ဖြစ်ပွား

ချင်းပြည်နယ် မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို သတင်းထုတ်ပြန်ပေးသွားမည်ဟု ၎င်းက ဆိုသည်။

မင်းတပ်ဒေသ စစ်ရေးသတင်းများ ဖော်ပြနေသည့် ဒေသခံတစ်ဦးက မင်းတပ်မြို့နယ် လှော်၀ရွာသို့ ရောက်နေသည့် စစ်ကောင်စီတပ်များနှင့် CDF တို့ ယနေ့ နံနက် ၁၁နာရီခွဲခန့်မှစ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟုအသိပေးထားသည်။

မင်းတပ် CDF နှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဇွန်လကုန်ပိုင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ နောက်ဆုံးဖြစ်ခဲ့ပြီး နှစ်လကျော်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။