Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ဂန့်ဂေါနယ် မီးဘေးရှောင်ပြည်သူသို့ လှူဒါန်းမည့် ဆန်တင်း ၁၅၀ကျော် ဖျက်ဆီး

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - YRCIDP)
(စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - YRCIDP)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရွှေတောင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ယခင်က၎င်းတို့ မီးရှို့ဖျက်ဆီးခဲ့သည့် မောက်ရွာရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းမည့် ဆန်တင်း ၁၅၀ကျော်ကိုလည်း စိုက်ခင်းများအတွင်းသို့ ဖြန့်ကြဲ ဖျက်ဆီးခဲ့ကြောင်း ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်များသည် မောက်ရွာနှင့် လက်ပန်ရွာတို့တွင် အင်အား ၅၀ခန့်စီဖြင့် စခန်းချထားသည်ဟု သိရကြောင်း ၊ ရွှေတောင်ရွာအတွင်း ပျက်စီးဆုံးရှုံးမှုကို ကောက်ယူနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မကွေးတိုင်း ယောဒေသရှိ စစ်ဘေးရှောင်ပြည်သူများ၏ နေရေး၊ စားရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝကို ‘ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေး ကော်မတီ’ (YRCIDP) မှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကူအညီများစွာ ထပ်မံလိုအပ်နေကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်တွင်၊းပြည်ပအလှူရှင်များအနေဖြင့် ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ၏ Facebook Page Messenger သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။