Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ဂန့်ဂေါနယ် မီးဘေးရှောင်ပြည်သူသို့ လှူဒါန်းမည့် ဆန်တင်း ၁၅၀ကျော် ဖျက်ဆီး

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - YRCIDP)
(စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - YRCIDP)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရွှေတောင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ယခင်က၎င်းတို့ မီးရှို့ဖျက်ဆီးခဲ့သည့် မောက်ရွာရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းမည့် ဆန်တင်း ၁၅၀ကျော်ကိုလည်း စိုက်ခင်းများအတွင်းသို့ ဖြန့်ကြဲ ဖျက်ဆီးခဲ့ကြောင်း ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်များသည် မောက်ရွာနှင့် လက်ပန်ရွာတို့တွင် အင်အား ၅၀ခန့်စီဖြင့် စခန်းချထားသည်ဟု သိရကြောင်း ၊ ရွှေတောင်ရွာအတွင်း ပျက်စီးဆုံးရှုံးမှုကို ကောက်ယူနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မကွေးတိုင်း ယောဒေသရှိ စစ်ဘေးရှောင်ပြည်သူများ၏ နေရေး၊ စားရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝကို ‘ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေး ကော်မတီ’ (YRCIDP) မှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကူအညီများစွာ ထပ်မံလိုအပ်နေကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်တွင်၊းပြည်ပအလှူရှင်များအနေဖြင့် ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ၏ Facebook Page Messenger သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

One Championship ရဲ့ ဂျပန် ကစ်ဘောင်ဆင် ဖိုက်တာ တာခဲရုဟာ မြန်မာနိုင်ငံ တောင်ကြီးမြို့က အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှာ စာသင်ကျောင်းဆောင်သစ် လှူဒါန်းခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။