Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ သုံးရက်မြောက်တိုက်ပွဲတွင် ပြည်သူ့ရဲဘော် ၁၀ဦးဒဏ်ရာရပြီး သုံးဦးမှာစိုးရိမ်ရဟုဆို

တိုက်ပွဲမှာ သုံးရက်ဆက်ဖြစ်လာနေ၍ အရေးပေါ် လိုအပ်ချက်များ အကူအညီတောင်းခံခြင်း ခဲယမ်းကျည်ဆံများလည်း အရေးပေါ်လိုအပ် နေသဖြင့် ပြည်သူများ ပါဝင်ကူညီပေးရန်လည်း တောင်းဆိုသည်။

(ဒဏ်ရာရရှိသည့် ရဲဘော်များအား ဆေးကုသပေးနေစဉ်၊ ဓာတ်ပုံ - Mobye PDF Rescue Team-MPRT)
(ဒဏ်ရာရရှိသည့် ရဲဘော်များအား ဆေးကုသပေးနေစဉ်၊ ဓာတ်ပုံ - Mobye PDF Rescue Team-MPRT)

မိုးဗြဲမြို့ သုံးရက်မြောက်နေ့တိုက်ပွဲတွင် ရဲဘော် ၁၀ ဦးဒဏ်ရာရပြီး သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း Mobye PDF Rescue Team-MPRTက ယနေ့(စက်တင်ဘာ ၁၀ ရက်)ထုတ်ပြန် သည်။

မိုးဗြဲမြို့အတွင်း တပ်စွဲရန်ကြိုးပမ်းနေသော စစ် ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုများအကြား
ယနေ့ တွင်လည်း တစ်နေကုန်နီးပါး ထိတွေ့မှုဖြစ် ပွားကာ စစ်ကောင်စီက လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းပစ်ကူများပါ ပေးခဲ့သည်ဟု ဆိုသည်။

“အခုဒဏ်ရာရနေတဲ့ ရဲဘော်တွေက လက်နက် ကြီးကျည်ထိတာ။မြေပြင် ထိုးစစ်မှာ စကစ ကရှုံး နေတယ်။ဒါကြောင့် ဝေဟင် ရော လက် နက်ကြီး တွေနဲ့ပါပစ်ကူပေးနေတာ”ဟု မိုးဗြဲ PDF တာ ဝန်ရှိသူက ပြောသည်။

https://www.lu(ဒဏ်ရာရရှိသည့် ရဲဘော်များအား ဆေးကုသပေးနေစဉ်၊ ဓာတ်ပုံ - Mobye PDF Rescue Team-MPRT)dunwayoo.com/wp-content/uploads/2022/09/signal-2022-09-10-211203_002.jpeg
(ဒဏ်ရာရရှိသည့် ရဲဘော်များအား ဆေးကုသပေးနေစဉ်၊ ဓာတ်ပုံ – Mobye PDF Rescue Team-MPRT)

တိုက်ပွဲမှာ သုံးရက်ဆက်ဖြစ်လာနေ၍ အရေးပေါ် လိုအပ်ချက်များ အကူအညီတောင်းခံခြင်း ခဲယမ်းကျည်ဆံများလည်း အရေးပေါ်လိုအပ် နေသဖြင့် ပြည်သူများ ပါဝင်ကူညီပေးရန်လည်း တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကရင်နီနှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့သို့ အင် အား ၁၀၀ကျော်ပါသည့် စစ်ကောင်စီအဖွဲ့သည် စက်တင်ဘာ ၈ ရက်ကစ၍ ဝါရီဆူးဖလိုင်ရွာမှ မိုးဗြဲမြို့အတွင်း ထိုးစစ်ဆင်လာသဖြင့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ URF နှင့် KGZ တို့ ပူးပေါင်း တိုက်ခိုက်နေ သည်။

(ဒဏ်ရာရရှိသည့် ရဲဘော်များအား ဆေးကုသပေးနေစဉ်၊ ဓာတ်ပုံ - Mobye PDF Rescue Team-MPRT)
(ဒဏ်ရာရရှိသည့် ရဲဘော်များအား ဆေးကုသပေးနေစဉ်၊ ဓာတ်ပုံ – Mobye PDF Rescue Team-MPRT)

ယခင်နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူ ၃၀ ကျော်ရှိကြောင်း သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ထို့အပြင် သေနတ် ၁၀လက် အပါအဝင် ကျည်နှင့်ခဲယမ်းများစွာ သိမ်းဆည်းရရှိထား သည်။

ကရင်နီဒေသတွင် စစ်ရေးအရအရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်အတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။