Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ နေအိမ် ၁၀၀ထက်မနည်း ပျက်စီး

“တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲရှိတယ်။ပင်လောင်း ဘက်ကနေပါ စကစ ဘက်က အင်အားဖြည့် နေတယ်”ဟု မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။

ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PKPF
ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PKPF

မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင် စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နေအိမ် ၁၀၀ ထက်မနည်းပျက်စီးနေကြောင်း တိုးတက် သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ (စက်တင်ဘာ ၁၂ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တပ်စွဲရန် ကြိုး ပမ်းနေသည့် မိုးဗြဲမြို့ရှိ ပွဲကုန်း (၁)၊(၂) နှင့် (၃) ရပ်ကွက်မှာ နေအိမ်အများဆုံးပျက်စီးထား သည်ဟု ဆိုသည်။

ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PKPF
ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – PKPF

“တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲရှိတယ်။ပင်လောင်း ဘက်ကနေပါ စကစ ဘက်က အင်အားဖြည့် နေတယ်”ဟု မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။

ထို့အပြင် ယနေ့အထိ ပွဲကုန်းရပ်ကွက်ရှိ ဘုရားကျောင်းတွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲနေသေးကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PKPF
ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – PKPF

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲ- ဖယ်ခုံလမ်းပိုင်းအား အသုံးမပြုကြရန် PKPF ကတိုက် တွန်းသည်။

ကရင်နီဒေသအတွင်းစစ်ရေးအရ အရေးပါသည့် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရန် စက်တင်ဘာ ၈ရက်ကစ၍ မြေပြင် စစ်ကြောင်းထိုးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

လေးရက်တာ တိုင်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူ ၆၀ထက်မနည်းရှိကာ လက်နက်ခဲယမ်းအများအပြားကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိထားသည်။

အထိနာနေသော စစ်ကောင်စီက စက်တင်ဘာ ၈ ရက် နောက်ပိုင်းကစ၍ မြေပြင်လက်နက်ကြီးပစ် ကူအပြင် ဝေဟင်မှ ဂျက်လေယာဥ်များထြင့် နေ့စဥ် ဗုံးကြဲ လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။