Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ နေအိမ် ၁၀၀ထက်မနည်း ပျက်စီး

“တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲရှိတယ်။ပင်လောင်း ဘက်ကနေပါ စကစ ဘက်က အင်အားဖြည့် နေတယ်”ဟု မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။

ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PKPF
ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PKPF

မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင် စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နေအိမ် ၁၀၀ ထက်မနည်းပျက်စီးနေကြောင်း တိုးတက် သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ (စက်တင်ဘာ ၁၂ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တပ်စွဲရန် ကြိုး ပမ်းနေသည့် မိုးဗြဲမြို့ရှိ ပွဲကုန်း (၁)၊(၂) နှင့် (၃) ရပ်ကွက်မှာ နေအိမ်အများဆုံးပျက်စီးထား သည်ဟု ဆိုသည်။

ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PKPF
ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – PKPF

“တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲရှိတယ်။ပင်လောင်း ဘက်ကနေပါ စကစ ဘက်က အင်အားဖြည့် နေတယ်”ဟု မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။

ထို့အပြင် ယနေ့အထိ ပွဲကုန်းရပ်ကွက်ရှိ ဘုရားကျောင်းတွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲနေသေးကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PKPF
ထိခိုက်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – PKPF

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲ- ဖယ်ခုံလမ်းပိုင်းအား အသုံးမပြုကြရန် PKPF ကတိုက် တွန်းသည်။

ကရင်နီဒေသအတွင်းစစ်ရေးအရ အရေးပါသည့် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရန် စက်တင်ဘာ ၈ရက်ကစ၍ မြေပြင် စစ်ကြောင်းထိုးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

လေးရက်တာ တိုင်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူ ၆၀ထက်မနည်းရှိကာ လက်နက်ခဲယမ်းအများအပြားကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိထားသည်။

အထိနာနေသော စစ်ကောင်စီက စက်တင်ဘာ ၈ ရက် နောက်ပိုင်းကစ၍ မြေပြင်လက်နက်ကြီးပစ် ကူအပြင် ဝေဟင်မှ ဂျက်လေယာဥ်များထြင့် နေ့စဥ် ဗုံးကြဲ လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။