Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ ပန်းပင်နီလမ်း အကြမ်းဖက်ဖမ်းဆီးမှုတွင် အနည်းဆုံး လူငယ် ၁၅ဦး အဆက်အသွယ်ပြတ်တောက်နေ

ကိုမင်းသူရိန်သည် ဖမ်းဆီးခံရပြီးနောက် မိခင်သမဂ္ဂနှင့် ယခုအချိန်အထိ အဆက်အသွယ်ပြတ် တောက်နေပြီး မည်သည့်နေရာသို့ရောက်ရှိနေကြောင်းကို စုံစမ်း၍ မရသေးကြောင်းလည်း ဖော်ပြထားသည်။

(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)
(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်း (ယခင်ပန်းပင်ကြီးလမ်း)တွင် စစ်ကောင်စီက အရပ်ဝတ်များဝတ်ဆင်ပြီး အိမ်စီးကားများဖြင့် ဆန္ဒပြလူငယ်များအား သေနတ်ပစ်ခတ်၍ အကြမ်းဖက်ဖမ်းဆီးရာ အနည်းဆုံး လူငယ် ၁၅ဦးအဆက်အသွယ် ပြတ်တောက်နေကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က ယနေ့ ညပိုင်း ထုတ်ပြန်သည်။

ယနေ့ ညနေပိုင်းတွင် တော်လှန်လူငယ်များက ပန်းပင်နီလမ်း၌ လူထုတေးသံ သီချင်းသံပြိုင်သီဆို၍ “UN Prove Your Existence For Justice” စာသားကို ကိုင်ဆွဲကာ ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ ပြည်သူ့အစိုးရ ကိုယ်စားပြုဖြစ် ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် UN ကိုတောင်းဆိုသည့် အကြမ်းမဖက်လှုပ်ရှားမှု ပြုလုပ်နေစဥ် စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)
(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)

အဆိုပါ အကြမ်းဖက် ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ၊ Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက် ၊ ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ ၊ Owl Community ၊ သတင်းထောက်များ အစရှိသောအဖွဲ့အစည်းအသီးသီးမှ အမျိုးသမီး၊ အမျိုးသား၊ LGBTQ နှင့် အသက်မပြည့်သေးသောလူငယ်များ စုစုပေါင်း ၁၅ဦးကျော် အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် မည်သည့်နေရာသို့ရောက်ရှိနေကြောင်းကို မသိရ၍ အဖွဲ့အစည်းအသီးသီးနှင့် မိသားစုဝင်များမှ အကြမ်းဖက်စစ်ကောင်စီတပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်ဆက်မှုများအပေါ် အသက်အန္တရာယ်ထိခိုက်မှုရှိမည်ကို အထူးစိုးရိမ်နေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)
(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)

“ညနေထဲက တော်တော်များများ အဆက်အသွယ် မရကြတော့ဘူး။ ဘယ်ကိုဖမ်းသွားလဲ ဆိုတာလည်း မကြားရဘူး။ အသက်အန္တရာယ် ဖြစ်မှာကို စိုးရိမ်နေကြတယ်။ လုံးဝ အဆက်အသွယ်ပြတ်နေလို့ လိုက်စုံစမ်းနေကြတုန်းပါပဲ”ဟု တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

ပန်းပင်နီလမ်း ဖမ်းဆီးခံရမှုတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ကိုမင်းသူရိန် ပါဝင်ခဲ့​ကြောင်း ကျောင်းသားများသမဂ္ဂကလည်း ယနေ့ ညပိုင်း၌ ထုတ်ပြန်သည်။

ကိုမင်းသူရိန်သည် ဖမ်းဆီးခံရပြီးနောက် မိခင်သမဂ္ဂနှင့် ယခုအချိန်အထိ အဆက်အသွယ်ပြတ် တောက်နေပြီး မည်သည့်နေရာသို့ရောက်ရှိနေကြောင်းကို စုံစမ်း၍ မရသေးကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။