Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ၍ ကုန်းလမ်း၊ ရေလမ်းသွားလာမှုများကို ကန့်သတ်စစ်ဆေးမည်ဟု AA အရေးပေါ် ကြေညာ

သတင်းမပို့ဘဲ သွားလာခြင်း မပြုလုပ်ရန်ထုတ်ပြန်ခဲ့ပြီး သတင်းမပို့ဘဲ သွားလာ၍ တစုံတရာ ပြဿနာဖြစ်ပေါ်လာပါက သွားလာကြသူများ၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီက အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ၍ ကုန်းလမ်း၊ရေလမ်းသွားလာမှုများကို ကန့်သတ်စစ်ဆေးမည်ဟု AA အရေးပေါ် ကြေညာ
စစ်ကောင်စီက အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ၍ ကုန်းလမ်း၊ရေလမ်းသွားလာမှုများကို ကန့်သတ်စစ်ဆေးမည်ဟု AA အရေးပေါ် ကြေညာ

▪️ယာဉ်ပိုင်ရှင်များ သတင်းပို့သွားလာရန်နှင့် သတင်းမပို့ပါက မိမိတာဝန်သာဖြစ်ဟု သတိပေးထား

စစ်ကောင်စီတပ်က စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ၍ စစ်ကောင်စီတပ်များ သွားလာနေကြသည့် လမ်းကြောင်းများတွင် ပြေးဆွဲနေကြသည့် ကုန်းလမ်း၊ ရေလမ်း၊ ယာဉ်များအားလုံးကို စစ်ရေးအခြေအနေ လိုအပ်ချက်အရ ရပ်တန့်ခိုင်း၍ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) က ယနေ့ အရေးပေါ် ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီက အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ၍ ကုန်းလမ်း၊ရေလမ်းသွားလာမှုများကို ကန့်သတ်စစ်ဆေးမည်ဟု AA အရေးပေါ် ကြေညာ
စစ်ကောင်စီက အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ၍ ကုန်းလမ်း၊ရေလမ်းသွားလာမှုများကို ကန့်သတ်စစ်ဆေးမည်ဟု AA အရေးပေါ် ကြေညာ

ရက္ခိုင်ပြည်အနှံ့တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်စခန်းများကို စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ် များအပြင် အရပ်ဘက်သုံး ခရီးသည်တင် လေယာဉ်၊ ကား၊ မော်တော်ဘုတ်၊ အမြန်ရေယာဉ်များဖြင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကို အသုံးပြုပြီး အင်အားဖြည့်တင်းနေခြင်းများအား ယခု ရက်သတ္တပတ်များအတွင်း ဆက်တိုက်ပြုလုပ်နေသည်ဟု ဖော်ပြထား သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီအနေဖြင့် ဩဂုတ် နှင့် ယခုလအတွင်း ဆုံးရှုံးခဲ့ရသည့် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ်(၄၀) စခန်းနှင့် မောင်တောမြို့နယ်ရှိ ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းနေရာများအပြင် ပလက်၀ ဒေသ၊ အခြားဒေသ အချို့ကို တိုက်လောဉ်၊ လက်နက်ကြီးပစ်ကူ အမြောက်အများ ဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကာလဖြစ်ကြောင်းအသိပေးထားသည်။

ရက္ခိုင်နှင့် ပလက်၀ဒေသအတွင်း စစ်ရေးတင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှုများ ပြင်းထန်လာခြင်းနှင့်အတူ နောက်ထပ် တိုက်ပွဲများ နေရာအနှံ့ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်၍ ယခုကဲ့သို့ ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကို ကန့်သတ်စစ်ဆေးရခြင်းဖြစ် ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကုန်းလမ်း၊ရေလမ်းသယ်ယူပို့ဆောင် ရေး ပြုလုပ်နေကြသည့် ယာဉ်ပိုင်ရှင်များ အနေဖြင့် ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာနိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် သတင်းပို့၍ သွားလာကြရန် ၊ စစ်ဆေးမှုများကို ကြည်ဖြူစွာ ခံယူကြရန် AAက ထုတ်ပြန်သည်။

သတင်းမပို့ဘဲ သွားလာခြင်း မပြုလုပ်ရန်ထုတ်ပြန်ခဲ့ပြီး သတင်းမပို့ဘဲ သွားလာ၍ တစုံတရာ ပြဿနာဖြစ်ပေါ်လာပါက သွားလာကြသူများ၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook