Connect with us

Hi, what are you looking for?

သတင်း

စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်

ULA အနေဖြင့် အာရက္ခ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး အပြည့်အ၀ရရှိစေရန် အတွက် ယခုထက်မက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ကြေညာသည်။

စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်
စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့၌ အမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တရားခံကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်သည်။

စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက် မေယုလမ်းရှိ ပလက်စတစ်ပစ္စည်းနှင့် လူသုံးကုန်အရောင်းဆိုင်၌ အလုပ်လုပ်နေသည့် အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် ဩဂုတ် ၁၅ရက် ညနေ ၆နာရီခန့်တွင် ယင်းဆိုင်၏ စတိုခန်းအတွင်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်
စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်

ယင်းအမှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းကာ တရားခံစုံစမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လူသတ်တရားခံအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံ ပေါ်ပေါက်အောင် ဖော်ထုတ်နိုင်ရေး တာဝန်သိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပြည်သူများကို အလေးအနက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လူသတ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ခဲ့ကြောင်း အသိပေးထားသော်လည်း အမှုဖြစ်စဉ်နှင့် ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းထားသည့် အခြေအနေများ၊ စစ်ဆေးပေါ်ပေါက်မှု အခြေအနေများကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရခိုင်သတင်းဌာန Western News ၏ ဖော်ပြချက်တွင် ယခုအမှုတွင် ဆိုင်မန်နေရာ မျိုးမြင့်ဇော်အား စစ်ဆေးလျက်ရှိကြောင်း သိရှိရပြီး တရားခံဖော်ထုတ်နိုင်ပြီဟုဆိုရာတွင် မည်သူဖြစ်သည်ကို ULAက အသိပေးထားခြင်းမရှိကြောင်း ရေးသားထားသည်။

ULA အနေဖြင့် အာရက္ခ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး အပြည့်အ၀ရရှိစေရန် အတွက် ယခုထက်မက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတချို့ပါဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကစုံစမ်းသိရပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကနေမနေ့ (အောက်တိုဘာ၂၉ ရက်)က ပေါက်တောမြို့နယ်ဘက်ဆီလက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဆောင်းပါး

ယောနသံ/People’s Spring လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်အုပ်စုဟာ အာရက္ခတပ်တော်(AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ သတင်းကြီးပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AAကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က...