Connect with us

Hi, what are you looking for?

သတင်း

စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်

ULA အနေဖြင့် အာရက္ခ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး အပြည့်အ၀ရရှိစေရန် အတွက် ယခုထက်မက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ကြေညာသည်။

စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်
စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့၌ အမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တရားခံကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်သည်။

စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက် မေယုလမ်းရှိ ပလက်စတစ်ပစ္စည်းနှင့် လူသုံးကုန်အရောင်းဆိုင်၌ အလုပ်လုပ်နေသည့် အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် ဩဂုတ် ၁၅ရက် ညနေ ၆နာရီခန့်တွင် ယင်းဆိုင်၏ စတိုခန်းအတွင်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်
စစ်တွေ၌ အမျိုးသမီးငယ်တစ်ဦးသတ်ဖြတ်ခံရမှု တရားခံကို ဖော်ထုတ်နိုင်ခဲ့ဟု ULA/AA ထုတ်ပြန်

ယင်းအမှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းကာ တရားခံစုံစမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လူသတ်တရားခံအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံ ပေါ်ပေါက်အောင် ဖော်ထုတ်နိုင်ရေး တာဝန်သိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပြည်သူများကို အလေးအနက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လူသတ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ခဲ့ကြောင်း အသိပေးထားသော်လည်း အမှုဖြစ်စဉ်နှင့် ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းထားသည့် အခြေအနေများ၊ စစ်ဆေးပေါ်ပေါက်မှု အခြေအနေများကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရခိုင်သတင်းဌာန Western News ၏ ဖော်ပြချက်တွင် ယခုအမှုတွင် ဆိုင်မန်နေရာ မျိုးမြင့်ဇော်အား စစ်ဆေးလျက်ရှိကြောင်း သိရှိရပြီး တရားခံဖော်ထုတ်နိုင်ပြီဟုဆိုရာတွင် မည်သူဖြစ်သည်ကို ULAက အသိပေးထားခြင်းမရှိကြောင်း ရေးသားထားသည်။

ULA အနေဖြင့် အာရက္ခ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး အပြည့်အ၀ရရှိစေရန် အတွက် ယခုထက်မက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။