Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့တွင် PDFအယောင်ဆောင်၍ ရွှေဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရ

“PDFတွေကို ဒေသခံတွေက ယုံကြည်ကြတာကို လူမိုက်တွေက အသုံးချပြီး လုပ်သွားတာ။တော်တော် ဆိုးတဲ့ လုပ်ရပ်ဗျ”ဟု ဖားကန့်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖားကန့်မြို့တွင် PDFအယောင်ဆောင်၍ ရွှေဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရ
ဖားကန့်မြို့တွင် PDFအယောင်ဆောင်၍ ရွှေဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် အမျိုးသားခြောက်ဦးက PDFအယောင်ဆောင် ၍ ရွှေဆိုင်တစ်ဆိုင်ကို အနုကြမ်းစီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့၊ လုံခင်းကျေးရွာအုပ်စုမှ ဝေဖြိုးအောင်ရွှေဆိုင်သို့ အမျိုးသားခြောက်ဦးက လိုင်စင်မဲ့ လန်ခရုဆာကားတစ်စီးဖြင့် လာရောက်လာ အနုကြမ်းစီးသွားခြင်း ဖြစ်သည်။

“ဒီနေ့(စက်တင်ဘာ ၁၅ရက်) ညနေ ၄နာရီခွဲလောက်က။ မိုးတွေရွာနေတဲ့အချိန် အနုကြမ်းစီးသွားတာ။ ရွှေရော ပိုက်ဆံရောပါ သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသား ခြောက်ဦးအနက် နှစ်ဦးမှာ ကားပေါ်တွင် ကျန်ရစ်ခဲ့ပြီး နှစ်ဦးက သံတုတ်ကိုင်ကာ ကားဘေး၌စောင့်နေကြောင်း၊ ကျန်နှစ်ဦးက ဆိုင်ထဲသို့ဝင်၍ ရွှေဝယ်ချင်ယောင်ဆောင်ကာ အနုကြမ်းစီးခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” ဆိုင်ထဲဝင်ပြီး ဆွဲကြိုးအကြီးလိုချင်တယ်လို့ပြောပြီး ငါးကျပ်သားဆွဲကြိုးကို ကောက်စွပ်တယ်။ စွပ်ကတည်းက မချွတ်တော့ဘူး။ ပြီးတော့ သူတို့က PDF တွေမို့ ငွေထောက်ပံ့ပါဆိုပြီးတောင်းတယ်။ ပြီးတော့ ဒီနေ့ရောင်းရတဲ့ငွေတွေ တောင်းယူသွားတယ်။ ဘယ်ကိုမှ ဖုန်းမဆက်ဖို့လည်း ခြိမ်းခြောက်သွားတယ်လို့ သိရတယ်”ဟု အထက်ပါဒေသခံက ရှင်းပြသည်။

အနုကြမ်းစီးခံရသည့် ဖြစ်စဥ်တွင် ရွှေငါးကျပ်သားဆွဲကြိုးတစ်ကုံးနှင့် ကျပ်သိန်း၄၀ ပါသွားသည်ဟု သိရသည်။

“PDFတွေကို ဒေသခံတွေက ယုံကြည်ကြတာကို လူမိုက်တွေက အသုံးချပြီး လုပ်သွားတာ။တော်တော် ဆိုးတဲ့ လုပ်ရပ်ဗျ”ဟု ဖားကန့်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖားကန့်မြို့တွင် စက်တင်ဘာ ၁၁ရက်ကလည်း တရုတ်လူမျိုးနှစ်ဦးစီးလာသည့် လိုင်စင်မဲ့ လန်ခရုဆာကားအဖြူရောင်ကို လူတစ်စုက လုယက်သွားခဲ့သည်။ ယနေ့ ရွှေဆိုင်အနုကြမ်းစီးသွားသူများစီးသည့်ကားသည် တရုတ်လူမျိုးနှစ်ဦးထံမှ လုယက်သွားသည့်ကားနှင့် ဆင်တူနေသည်။ ထို့ကြောင့် စက်တင်ဘာ ၁၁ရက်က ကားလုယက်သည့်အဖွဲ့နှင့် ယနေ့ ရွှေဆိုင်အနုကြမ်းစီးသွားသည့်အဖွဲ့သည် အတူတူဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။