Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို တာဝေးပစ်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများ လုံခြုံစိတ်ချရသည့်နေရာတွင် နေထိုင်ကြရန် PDF သတိပေး

“လက်နက်ကြီး နှစ်လုံးကျတယ်။ လူထိုခိုက်မှုရှိ၊မရှိ ကျွန်တော်တို့ စုံစမ်းလိုက်တော့ အထိအခိုက် မရှိဘူးလို့ သိရတယ်”ဟု ၎င်းက ရှင်းပြသည်။

စက်တင်ဘာ ၁၁ ရက်က မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီက လေယာဥ်အသုံးပြု၍ မြို့တွင်း ဗုံးကြဲခဲ့စဉ်၊ဓာတ်ပုံ - JFK
စက်တင်ဘာ ၁၁ ရက်က မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီက လေယာဥ်အသုံးပြု၍ မြို့တွင်း ဗုံးကြဲခဲ့စဉ်၊ဓာတ်ပုံ - JFK

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့သို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသည့်နေရာတွင် နေထိုင်ရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDFက အရေးပေါ်သတိပေးချက် ထုတ်ပြန် သည်။

ယနေ့(စက်တင်ဘာ ၁၈ ရက်) ညနေပိုင်းကစ၍စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ တစ်ဖက်သတ် ပစ်ခတ်မှုဟု မိုးဗြဲမြို့စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“စခ တပ်တွေက မိုးဗြဲမြို့ကိုဝင်ဖို့ ကြိုးစားနေ တုန်းပဲ။ဒါပေမယ့် အခုက တိုက်ပွဲမဖြစ်ဘဲနဲ့ကိုလူနေရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ပစ်နေတာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည်များမှာ မိုးဗြဲ မြို့အနောက်ဘက်ရှိ ရပ်ကွက်တစ်ခုအတွင်းသို့ ကျရောက်ခဲ့ကြောင်း လည်း Mobye Resue Team တာဝန်ရှိသူက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီး နှစ်လုံးကျတယ်။ လူထိုခိုက်မှုရှိ၊မရှိ ကျွန်တော်တို့ စုံစမ်းလိုက်တော့ အထိအခိုက် မရှိဘူးလို့ သိရတယ်”ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

သို့သော်ယခုလ ၁၆ ရက်ကရစစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ မွေတော်ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံသောအပြစ်မဲ့ ပြည်သူ ၁၃ ဦး လက်နက်ကြီးထိမှန်ကာ အသက် ၁၀ နှစ်အောက် မောင်နှမ နှစ်ဦးနှင့် အသက် ၅၀ကျော် အမျိုးသား နှစ်ဦး သေဆုံးခဲ့ရသည်။

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

ယခုလ ၈ ရက်ကစ၍ အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင် တပ်စွဲရန် ကြိုးပမ်းလာခြင်းကြောင့် ကရင်နီပူးပေါင်းတပ် များက ခုခံတိုက်ခိုက်ခဲ့သည်။

ထို့နောက် နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ကရင်နီပူးပေါင်းတပ်နယ်မြေရှင်းလင်းနိုင်ခဲ့သည်။

အဆိုပါ ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA1 – ၃ လက်၊ MA2 – ၃ လက်၊ MA3 – ၆ လက်၊ ငါးကြင်းမှီး – ၁ လက် အပါအဝင်လက်နက်ကြီးကျည်များအပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၆၀ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။