Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုရှိ

တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့နှင့် သေဆုံးဒဏ်ရာရရှိသူများကို အရာတော်မြို့ပေါ်ရှိ သံ ပြားကာ စစ်‌ကားနှစ်စီးဖြင့်လာရောက်သယ် ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

ယနေ့ နံနက်က အရာတော်မြို့နယ်၊ မြောက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူ ပစ်ခတ်ခဲ့သည့်နေရာတွင် တွေ့မြင်ရသော သွေးကွက်များ ၊ဓာတ်ပုံ - အရာတော်(ပကဖ)
ယနေ့ နံနက်က အရာတော်မြို့နယ်၊ မြောက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူ ပစ်ခတ်ခဲ့သည့်နေရာတွင် တွေ့မြင်ရသော သွေးကွက်များ ၊ဓာတ်ပုံ - အရာတော်(ပကဖ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၈ ရက်) နံနက် ၁၀နာရီခန့်က အရာတော်မြောက်ပိုင်း ရဲချင်းကျေးရွာအနီးသို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုများက ကြို တင်စောင့်ဆိုင်း၍ တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

“စခ အင်အားက ၄၀ ဝန်းကျင်လောက်ပါတယ်။ အပိုင်စောင့်တိုက်နိုင်ခဲ့လို့ စခတွေ အသေအ ပျောက်တွေနဲ့ဆုတ်ပြေးသွားရတာ”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ၌ ရဲဘော်တစ်ဦး ဒဏ်ရာရရှိ(မစိုးရိမ်ရ)ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့နှင့် သေဆုံးဒဏ်ရာရရှိသူများကို အရာတော်မြို့ပေါ်ရှိ သံ ပြားကာ စစ်‌ကားနှစ်စီးဖြင့်လာရောက်သယ် ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

ယနေ့တိုက်ပွဲတွင် မုံရွာခရိုင် PDF တပ်ရင်း(၆)၊ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ကျောက်ဆူးတပ်ဖွဲ့၊ ကျားသစ်နက် LDFတပ်ဖွဲ့၊ Northern Brother Squad နှင့် လှော်တက်အင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook