Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာသားတစ်ဦးကို မိသားစုရှေ့၌ မီးရှို့သတ်ဖြတ်ခဲ့ဟု ဒေသခံပြော

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ဒေသခံ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

ဦးလာမာဒီးအား မီးရှို့သတ်ဖြတ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - ကချင်ပြည်တွင်းသတင်းစုံ
ဦးလာမာဒီးအား မီးရှို့သတ်ဖြတ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - ကချင်ပြည်တွင်းသတင်းစုံ

▪️အာလမ်ရွာ၌ အမျိုးသမီးနှစ်ဦးကို စစ်ကောင် စီအရာရှိဟု ယူဆရသူက ကားနှင့်တိုက်ထွက်ပြေး ၍ ဒေသခံများက ဝိုင်းဖမ်းသည့်ဖြစ်စဉ်အပြီး စစ်သား ၁၀၀ကျော်က ရွာလာရောက် စီးနင်းခြင်းဖြစ်ဟုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အာလမ် ကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံရွာသား တစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၁၈ရက်)ညပိုင်းက ပစ်ခတ်ပြီး မိသားစုရှိရာ နေအိမ်၌ မီးရှိုသတ် ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၇ရက် ညနေပိုင်းက မြစ်ကြီးနားနှင့် မြစ်ဆုံအကြားရှိ အာလမ်ရွာ၌ ဆိုင်ကယ်နှင့် ကားတို့ တိုက်မိမှုဖြစ်ပွားရာ ကားမောင်းနှင်သူက တိုက်ပြီး ထွက်ပြေးသွား၍ ဒေသခံများက လိုက် လံဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အပြီး စက်တင်ဘာ ၁၈ရက် ညပိုင်း၌ စစ်ကောင်စီတပ်သားများ ကား ၂စီးဖြင့် အာလံရွာကို ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။

ကားတိုက်မှုတွင် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး တစ်ဦးမှာ ခြေထောက်ဖြတ်ရမည့် အခြေအနေ အထိဆိုးရွားကြောင်း၊ တိုက်ပြီး ထွက်ပြေးသည့် ကားကို ဒေသခံများက လိုက်လံ ဖမ်းဆီးရာ ဒွမ်ဂန်ရွာ၌ ယာဉ်ပေါ်ပါ အမျိုးသမီးနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ဒေသခံက ပြောသည်။

“အဲဒီကားက ဘီးပေါက်တော့ ဖမ်းရတာ။ အခုက အဲဒီနောက်ပိုင်း မနေ့ညက စစ်သားတွေ အယောက် ၁၀၀ လောက် ရှိတယ်လို့ ပြောတယ်။ ကား ၂စီးနဲ့။ ရွာမှာ ရမ်းသမ်းပြီး သေနတ်တွေ လိုက်ဖောက်ပစ် အဲဒီလိုလုပ်တာ။ ည ၉နာရီလောက်မှာ မြစ်ဆိပ်ကနေ ရွှေကျင်ပြီး အိမ်ကို ပြန်လာတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်က မြစ်ဆိပ်ကနေ ပြန်လာတာ။ စစ်သားတွေတွေ့တာနဲ့ သူက ကြောက်ကြောက်နဲ့ ထွက်ပြေးတာ။ထွက်ပြေးတော့ သူတို့က မပြေးနဲ့ ဆိုပြီး သေနတ်နဲ့ပစ်လိုက်တာ။ ပစ်ပြီး ဖမ်းလိုက်ပြီး အိမ်(ပစ်ခတ်ခံရသူ၏ နေအိမ်)ကို ခေါ်လာတယ်။ ခေါ်လာတော့ သူ့ရဲ့အိမ်မှာ ထင်းတွေ အများကြီးရှိတယ် အဲဒီ ထင်းကိုယူပြီးမှ စောစောက သေနတ်နဲ့ ပစ်ထားတာ မသေသေးဘူး မသေသေးတဲ့ဟာကို တခါတည်း မီးရှို့လိုက်တာ” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ် သတ်ဖြတ်ခံရသူ၏ နေအိမ်သည် အာလမ်ရွာဘုရားကျောင်းအနီးတွင်ရှိကြောင်း၊ သတ်ဖြတ်ခံရသူသည် လီဆူအမျိုးသား ဦးလာမာဒီး ဆိုသူဖြစ် ကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

” သုံးသပ်ကြည့်ရင်တော့ (ဆိုင်ကယ်ကို တိုက်ပြီး ထွက်ပြေးသွားသည့် ကားမောင်းသူ) စစ်တပ်ဘက်က လူလားပဲ။ သူတို့ဘက်က တယောက်ယောက်များလား။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ အဲဒီလိုမျိုး တိုက်ပြီး ထွက်ပြေးတဲ့သူကျတော့ ပြည်သူတွေက လိုက်ရှာတာ ဒါထုံးစံပဲလေ။ ဒါပေမဲ့ တိုက်သွားတဲ့ အဲဒီ ကားမောင်းတဲ့ သူတွေက တကယ့်စစ်သားပဲလား စစ်တပ်က အရာရှိလား အဲဒီလိုပေါ့။ မဟုတ်ရင် ဘာမှ အခုအချိန် နောက်ဆက်တွဲဖြစ်လာမယ့် အကြောင်းမရှိဘူး”ဟု ဒေသခံက ပြောသည်။

ယနေ့နံနက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးခေါင်းဆောင်များ၊ အသင်းအဖွဲ့ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများကို စစ်မေးမှုများ လုပ်ဆောင်နေသည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ဒေသခံ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။