Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့ ရွှေဒေါင်းမင်းဆီဆိုင်တိုက်ခိုက်မှုတွင် စစ်အုပ်စုငါးဦးသေ၊ သုံးဦးဒဏ်ရာရ

“ဤစစ်ဆင်ရေးသည် (၁၆)ရက်နေ့၌ ကျဆုံးသွားသော ရဲဘော်များအတွက် သွေးကြွေးဆပ်ခြင်းဖြစ်ပါသည်။ မတရားမှုမှန်သမျှ ဆန့်ကျင်မည်”ဟု တန့်ဆည်(ပ.က.ဖ)က အသိပေးသည်။

တန့်ဆည်မြို့ ရွှေဒေါင်းမင်းဆီဆိုင်တိုက်ခိုက်မှုတွင် စစ်အုပ်စုငါးဦးသေ၊ သုံးဦးဒဏ်ရာရ
တန့်ဆည်မြို့ ရွှေဒေါင်းမင်းဆီဆိုင်တိုက်ခိုက်မှုတွင် စစ်အုပ်စုငါးဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးပိုင်ဆိုင်သည့် ရွှေဒေါင်းမင်းစက်သုံးဆီအရောင်းဆိုင်အားတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးငါးဦးသေဆုံးကာ သုံးဦးဒဏ်ရာရသွားကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၁၉ ရက်) ညနေ ၃ နာရီ ၅၀မိနစ်ခန့်က တန့်ဆည်မြို့ လမ်းဆုံအနောက်ဘက်အထွက်ရှိ စစ်အုပ်စုတပ်စွဲထားသော ရွှေဒေါင်းမင်းဆီဆိုင်အား တန့်ဆည်(ပ.က.ဖ)တပ်ရင်း (၆)နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ဤစစ်ဆင်ရေးသည် (၁၆)ရက်နေ့၌ ကျဆုံးသွားသော ရဲဘော်များအတွက် သွေးကြွေးဆပ်ခြင်းဖြစ်ပါသည်။ မတရားမှုမှန်သမျှ ဆန့်ကျင်မည်”ဟု တန့်ဆည်(ပ.က.ဖ)က အသိပေးသည်။

စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက စစ်အုပ်စုမှ အင်းအား (၆၀)ကျော်ဖြင့် အုတ်ဖိုအိုင်ရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့ရာ စစ်ကြောင်းဝင်ရောက်ချိန် ရပ်ရွာလုံခြုံရေးရဲဘော်ခြောက်ဦးနှင့် PDF ရဲဘော်လေးဦး ဖမ်းဆီးခံခဲ့ရကာ မီးရှို့သတ်ဖြတ်ခံရသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ရွှေဒေါင်းမင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူသည် စစ်အုပ်စုနှင့် နီးစပ်သူတစ်ဦးဖြစ်သည့်အပြင် သတင်းပေးဒလန်ဟု သတင်းထွက်သောကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။