Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့ ရွှေဒေါင်းမင်းဆီဆိုင်တိုက်ခိုက်မှုတွင် စစ်အုပ်စုငါးဦးသေ၊ သုံးဦးဒဏ်ရာရ

“ဤစစ်ဆင်ရေးသည် (၁၆)ရက်နေ့၌ ကျဆုံးသွားသော ရဲဘော်များအတွက် သွေးကြွေးဆပ်ခြင်းဖြစ်ပါသည်။ မတရားမှုမှန်သမျှ ဆန့်ကျင်မည်”ဟု တန့်ဆည်(ပ.က.ဖ)က အသိပေးသည်။

တန့်ဆည်မြို့ ရွှေဒေါင်းမင်းဆီဆိုင်တိုက်ခိုက်မှုတွင် စစ်အုပ်စုငါးဦးသေ၊ သုံးဦးဒဏ်ရာရ
တန့်ဆည်မြို့ ရွှေဒေါင်းမင်းဆီဆိုင်တိုက်ခိုက်မှုတွင် စစ်အုပ်စုငါးဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးပိုင်ဆိုင်သည့် ရွှေဒေါင်းမင်းစက်သုံးဆီအရောင်းဆိုင်အားတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးငါးဦးသေဆုံးကာ သုံးဦးဒဏ်ရာရသွားကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၁၉ ရက်) ညနေ ၃ နာရီ ၅၀မိနစ်ခန့်က တန့်ဆည်မြို့ လမ်းဆုံအနောက်ဘက်အထွက်ရှိ စစ်အုပ်စုတပ်စွဲထားသော ရွှေဒေါင်းမင်းဆီဆိုင်အား တန့်ဆည်(ပ.က.ဖ)တပ်ရင်း (၆)နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ဤစစ်ဆင်ရေးသည် (၁၆)ရက်နေ့၌ ကျဆုံးသွားသော ရဲဘော်များအတွက် သွေးကြွေးဆပ်ခြင်းဖြစ်ပါသည်။ မတရားမှုမှန်သမျှ ဆန့်ကျင်မည်”ဟု တန့်ဆည်(ပ.က.ဖ)က အသိပေးသည်။

စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက စစ်အုပ်စုမှ အင်းအား (၆၀)ကျော်ဖြင့် အုတ်ဖိုအိုင်ရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့ရာ စစ်ကြောင်းဝင်ရောက်ချိန် ရပ်ရွာလုံခြုံရေးရဲဘော်ခြောက်ဦးနှင့် PDF ရဲဘော်လေးဦး ဖမ်းဆီးခံခဲ့ရကာ မီးရှို့သတ်ဖြတ်ခံရသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ရွှေဒေါင်းမင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူသည် စစ်အုပ်စုနှင့် နီးစပ်သူတစ်ဦးဖြစ်သည့်အပြင် သတင်းပေးဒလန်ဟု သတင်းထွက်သောကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။