Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံထောင်ရှိ နိုင်ကျဉ်းများအား နှိပ်စက်ညှင်းပန်းမှု မုံရွာလူထုသပိတ်ကော်မတီရှုတ်ချ

မုံရွာအကျဉ်းထောင်မှ မြင်းခြံအကျဥ်းထောင်သို့ ပြောင်းရွှေ့ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်များက မတရားသဖြင့် ညှင်းပန်းနှိပ်စက်နေမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ကြေညာခဲ့ ခြင်းဖြစ်သည်။

မြင်းခြံထောင်ရှိ နိုင်ကျဉ်းများအား နှိပ်စက်ညှင်းပန်းမှု မုံရွာလူထုသပိတ်ကော်မတီရှုတ်ချ
မြင်းခြံထောင်ရှိ နိုင်ကျဉ်းများအား နှိပ်စက်ညှင်းပန်းမှု မုံရွာလူထုသပိတ်ကော်မတီရှုတ်ချ

ကျူးလွန်သူများကို အရေးယူနိုင်ရေးလုပ်ဆောင်မည်ဟု အသိပေး

မြင်းခြံအကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားအားလုံးကို မတရားညှင်းပန်းနှိပ်စက်နေမှုများကို ချက်ချင်း(ချက်ချင်း) ရပ်တန့်ကြရန်နှင့် အမိန်ပေးစေခိုင်းသူ ထောင်အာဏာပိုင်များ၊ နှိပ်စက်ညှင်းပန်းရာတွင်ပါဝင်သူများအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။

ထို့အပြင် ထောင်ဝါဒများ၊ ထောင်လက်ပါးစေများအားလုံးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး ထိုသူများကိုလည်းသတိပေးထားသည်။

မုံရွာအကျဉ်းထောင်မှ မြင်းခြံအကျဥ်းထောင်သို့ ပြောင်းရွှေ့ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်များက မတရားသဖြင့် ညှင်းပန်းနှိပ်စက်နေမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ကြေညာခဲ့ ခြင်းဖြစ်သည်။

မြင်းခြံထောင်ရှိ နိုင်ကျဉ်းများအား နှိပ်စက်ညှင်းပန်းမှု မုံရွာလူထုသပိတ်ကော်မတီရှုတ်ချ
မြင်းခြံထောင်ရှိ နိုင်ကျဉ်းများအား နှိပ်စက်ညှင်းပန်းမှု မုံရွာလူထုသပိတ်ကော်မတီရှုတ်ချ

မြင်းခြံအကျဉ်းထောင်တွင် လူ့ဂုဏ်သိဏ္ခာကျဆင်းစေရန် ရည်ရွယ်သည့် အပြစ်ပေးမှုများ၊ လူ့အခွင့်အရေးနှင့် အကျဉ်းသားအခွင့်အရေးများကို အကြီးအကျယ် ချိုးဖောက်နေမှုများ၊ နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှပ်ညှင်းပန်း၍ ခွဲခြားဆက်ဆံနေမှုများနှင့် အလုပ်ကြမ်းများကို အတင်းအဓမ္မစေခိုင်းမှုများ ဖြစ်ပွားလျက်ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို မုန်းတီး၍ ပစ်မှတ်ထားကာ ညှင်းပန်းနှိပ်စက်ကြရန် ထောင်အာဏာပိုင်များ၊ ထောင်ဝါဒများနှင့် လက်ပါးစေများအား အမိန့်ပေးစေခိုင်းသကဲ့သို့ ကိုယ်တိုင်ကိုယ်ကျပါဝင်နှိပ်စက်ကြသူများမှာ မြင်းခြံအကျဉ်းထောင် ထောင်ပိုင်လေးဖြစ်သည့် ဝင်းကြိုင်(သုံးပွင့်)၊ ထောင်မှူးများဖြစ်သည့် မြတ်ကျော်သူ (နှစ်ပွင့်)၊ မောင်မောင်သိန်း(နှစ်ပွင့်) ဖြစ်ကြကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များမှ အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

မုံရွာထောင်မှ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို ထောင်စတင်ပြောင်းရွှေ့သည့်နေ့မှစ၍ ထောင်အာဏာပိုင်များနှင့် လက်ပါးစေများက မတရားသဖြင့် ညှင်းပန်းနှိပ်စက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး နိုင်ငံရေးအကျဉ်းသားအချို့ သတိလစ် မေ့မြောသည်အထိ နှိပ်စက်ခံရကြောင်း ဖော်ပြထားသည်။

မြင်းခြံထောင်သို့ စတင်ပြောင်းရွှေ့ခံရသည့်နေ့တွင်လည်း ထောင်ဝါဒများက မုံရွာပြောင်း နိုင်ငံရေးအကျဥ်း သားများအား တန်းစီရိုက်နှက်ကာ ခေါင်းငုံ့ခိုင်းခြင်း၊ နံရိုးနှင့် မျက်နှာများကို ပိတ်ရိုက်ကန်ကျောက်ခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများအပြင် ထောင်ပုံစံထိုင်ခိုင်းကာ စစ်တပ်ကောင်းကြောင်း၊ တော်လှန်ရေးကို ဆဲဆိုပုံဖျက်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခံရမှုများကြောင့် မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌဟောင်းဖြစ်သူ ကိုဇင်မင်းထက်သည် သတိလစ်မေ့မြောနေသည်ဟုသိရပြီး မူလက ကျန်းမာရေး ကောင်းမွန်သည့် ကိုဇင်မင်းထက်၏ ကျန်းမာရေးအခြေအနေ အရပ်ရပ်သည် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အကျဉ်းဦးစီးဌာနတွင် အပြည့်အ၀တာဝန်ရှိကြောင်း အသိပေးထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) တို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အားလုံးသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ လူသားချင်းစာနာထောက်ထားမှုကို ရှေ့ရှုကာ အကျဥ်းသားအခွင့်အရေး အလွန်အမင်းချိုးဖောက်ခံနေရမှုများအတွက် ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားကြပါရန် မုံရွာ လူထု သပိတ်ကော်မတီက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်