Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ကတိုက်ပွဲတွေမှာ စစ်ကောင်စီ BGF ဘက်ကသေဆုံးမှုအခြေအနေ ထုတ်ပြန်

အဲ့ဒီနေ့တစ်ရက်တည်းအတွင်း မထောနဲ့ ခွေးသေရွာကြားမှာ တိုက်ပွဲတစ်ကြိမ်ထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမှတ်(၅)တပ်မဟာက အမည်မဖော်လိုတဲ့ ရှေ့တန်းအရာရှိတစ်ဦးက ပြောပါတယ်။

ဖာပွန်ကတိုက်ပွဲတွေမှာ စစ်ကောင်စီ BGF ဘက်ကသေဆုံးမှုအခြေအနေ ထုတ်ပြန်
ဖာပွန်ကတိုက်ပွဲတွေမှာ စစ်ကောင်စီ BGF ဘက်ကသေဆုံးမှုအခြေအနေ ထုတ်ပြန်

ဖာပွန်ခရိုင်မှာ ကော်သူးလေတပ်မတော် အမှတ်(၅) တပ်မဟာနဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား သုံးရက်အတွင်း တိုက်ပွဲရှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ BGF တပ်ဖွဲ့ဘက်က အရာရှိတစ်ဦးအပါအဝင် ကိုးဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ(၁၉)ရက် ညခုနှစ်နာရီခွဲအချိန်က ကော်သူးလေတပ်မတော်၊ အမှတ်(၅)တပ်မဟာ၊ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေကို ဝါးဒူးနဲ့ သာ့ဂေါ်ပလေအကြား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးတဲ့အထဲမှာ ဗိုလ်အဆင့်ရှိသူတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီနေ့တစ်ရက်တည်းအတွင်း မထောနဲ့ ခွေးသေရွာကြားမှာ တိုက်ပွဲတစ်ကြိမ်ထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမှတ်(၅)တပ်မဟာက အမည်မဖော်လိုတဲ့ ရှေ့တန်းအရာရှိတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၁၈)ရက် မနက်(၉)နာရီအချိန်က အမှတ်(၅)တပ်မဟာလက်အောက်ခံတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်ကို ဝါ့ကလေတူဒေသမှာ တစ်ကြိမ်၊ (၁၁)နာရီခွဲခန့်မှာ ထူမော်ဒဲရွာအနီးမှာတစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲနှစ်ကြိမ်မှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မွန်းလွဲပိုင်း(၁၂)နာရီခွဲအချိန်မှာလည်း အမှတ်(၅)တပ်မဟာ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်တွေက ဖာပွန်-ကမမောင်းကားလမ်းပေါ်ရှိ မိုင်(၄၀)တံတားကို ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ပြီး မွန်းလွဲပိုင်း(၁၂)နာရီ မိနစ်(၅၀)ခန့်မှာ ကမမောင်းမြို့အနီးရှိ အုန်းတောလှေဆိပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

အဲ့ဒီနောက် ညနေလေးနာရီခန့်မှာ ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာက စစ်ကောင်စီရဲ့ခေါပုပ်စခန်းကို ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

စက်တင်ဘာ(၁၇)ရက်နေ့ မနက်(၁၀)နာရီခန့်မှာလည်း အမှတ်(၅)တပ်မဟာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွာ့ခို့လော်နဲ့ ထီးလယ်ပူရွာအကြားမှာ တစ်ကြိမ်၊ ညနေ(၃)နာရီခွဲကျော်မှာ ထီးလယ်ပူငှက်ပျောတောမှာ တစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီဘက် ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးကြောင်းနဲ့ ကော်သူးလေဘက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook