Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းတွေအပေါ် ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာ

ဘာသာရေး ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် အီရန်က အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို အခြေအနေတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

အီရန်မှာ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းတွေအပေါ် ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာ
အီရန်မှာ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းတွေအပေါ် ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာ

အီရန်နိုင်ငံမှာ ဘာသာရေး စည်းမျဉ်းတွေအရ အမျိုးသမီးတွေကို မဖြစ်မနေ ခေါင်းဆောင်းအဝတ် ခြုံခိုင်းတဲ့အပေါ် ဆန္ဒပြ ကန့်ကွက်မှုတွေက ပိုပြီး အရှိန်မြင့်လာပါတယ်။ ဘာသာရေး ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် အီရန်က အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို အခြေအနေတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အသက် ၂၂ နှစ်အရွယ် မာဆာ အမီနီဟာ ဆေးရုံပေါ်မှာ ကိုမာဝင် မေ့မျောနေရာက ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ဘာသာရေး ထုံးတမ်းတွေနဲ့အညီ သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဘာသာရေး ရဲတွေ ဝိုင်းရိုက်ကြရာက သတိလစ် မေ့မျောနေခဲ့တာပါ။ ၃ ရက် အကြာမှာတော့ အမီနီ ကွယ်လွန်သွားခဲ့ရှာပါတယ်။

ဒီသတင်းဟာ အီရန်နိုင်ငံမှာ အကြီးအကျယ် ဂယက်ရိုက်သွားပြီး ဘာသာရေး ရဲတွေရဲ့ ရက်စက် ကြမ်းကြုတ်မှုနဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ အစွန်းရောက် စည်းမျဉ်းတွေကို ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ အားကောင်းလာခဲ့ပါတယ်။ တဟီရန် မြို့တော် မြောက်ပိုင်းက ဆာရီမှာတော့ စက်တင်ဘာ ၂၀ က အမျိုးသမီးတွေဟာ ခေါင်းဆောင်းခြုံလွှာ အဝတ်တွေကို မြေကြီးပေါ် ပစ်ချပြီး မီးရှို့ ဆန္ဒပြကြသလို လူပေါင်းများစွာက ကောင်းချီး ဩဘာပေးခဲ့ကြပါတယ်။ အမျိုးသမီးတွေက အာဏာပိုင်တွေရဲ့ သတ်မှတ်ချက်ကို ချိုးဖောက်တဲ့ အဝတ်အစားတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဝတ်ဆင်လာကြပါတယ်။

အီရန် ဘာသာရေး ရဲတပ်ဖွဲ့ကတော့ အမီနီ သေဆုံးမှုနဲ့ ပတ်သက်လို့ တာဝန်မရှိကြောင်း ငြင်းဆိုပြီး မိန်းကလေးက ရုတ်တရက် နှလုံးဖောက်ပြီး ကွယ်လွန်သွားတာသာ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။ အမီနီရဲ့ ဇာတိဖြစ်တဲ့ နိုင်ငံ အနောက်ပိုင်း ကာဒစ္စတန် ဒေသမှာလည်း အုံကြွမှုတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂက အီရန်မှာ ဆန္ဒပြသူတွေအပေါ် အာဏာပိုင်တွေက ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်နေတဲ့ အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်လာကြောင်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ အီရန် လုံခြုံရေး အရာရှိတွေက ဆန္ဒပြသူတွေကို ကျည်အစစ်တွေပါ အသုံးပြုပြီး ပစ်ခတ်နေတဲ့အတွက် ဒဏ်ရာရသူတွေ ဒါဇင်နဲ့ချီ များပြားခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။