Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ နည်းပညာမျိုး ရှိနေပြီလို့ အီရန် အက်တမ်စွမ်းအင်ဌာန အကြီးအကဲပြော

ခါရက်ဇီ ပြောခဲ့သလိုပဲ အီရန်ရဲ့ နျူကလီးယား နည်းပညာဟာ အက်တမ်ဗုံး ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်နေပေမယ့် အစိုးရရဲ့ မူဝါဒမှာ ဗုံးထုတ်လုပ်ဖို့ လုံးဝ စဉ်းစား မထားကြောင်း အက်စလာမီက ဆိုပါတယ်။

နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ နည်းပညာမျိုး ရှိနေပြီလို့ အီရန် အက်တမ်စွမ်းအင်ဌာန အကြီးအကဲပြော
နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ နည်းပညာမျိုး ရှိနေပြီလို့ အီရန် အက်တမ်စွမ်းအင်ဌာန အကြီးအကဲပြော

အီရန်နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ ဖျက်အားပြင်း ဗုံးတစ်လုံး ထုတ်လုပ်နိုင်တဲ့ အဆင့်မျိုးထိ ရောက်ရှိနေပြီလို့ နိုင်ငံရဲ့ အက်တမ်စွမ်းအင်ဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။

မိုဟာမက် အက်စလာမီက အီရန်ရဲ့ ယူရေနီယမ် သတ္တု သန့်စင်မှု နည်းပညာဟာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်စွမ်း ရှိလာပေမယ့် လက်နက် ကဏ္ဍအတွက်တော့ အသုံးချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေကြောင်း အပြင်းအထန် စွပ်စွဲနေပေမယ့် အီရန် အစိုးရကတော့ စွမ်းအင် ကဏ္ဍအတွက်သာ နျူကလီးယား နည်းပညာကို အဆင့်မြှင့်တင်နေတာလို့ အစဉ်တစိုက် ကာကွယ် ပြောဆိုထားပါတယ်။

အက်စလာမီ မတိုင်ခင်မှာ အီရန် အစိုးရ အဓိပတိရဲ့ အကြီးတန်း အကြံပေး အရာရှိ တစ်ဦးကလည်း နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ ဗုံးထုတ်လုပ်နိုင်တဲ့ အခြေအနေမျိုး ရှိလာကြောင်း မှတ်ချက် ပေးခဲ့ပါသေးတယ်။ အီရန် အစိုးရ အရာရှိတွေ ကိုယ်တိုင်က နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ အဆင့်မျိုး ရောက်လာပြီလို့ ထုတ်ပြောတာဟာ အတော်လေး ရှားပါးတဲ့ အခြေအနေပါ။ အီရန်ရဲ့ နျူကလီးယား နည်းပညာနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ နိုင်ငံတကာ အသိုက်အဝန်း အတွက်တော့ ဒီကိစ္စကြောင့် ပိုပြီး စိတ်ပူတာတွေ ဖြစ်လာနိုင်ပါတယ်။

အက်စလာမီရော၊ အီရန် အစိုးရ ထိပ်တန်း အကြံပေး အရာရှိ ကာမဲလ် ခါရက်ဇီတို့ကပါ နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ ဗုံးထုတ်လုပ်နိုင်တဲ့ အနေအထား ရှိနေပေမယ့် စွမ်းအင် ကဏ္ဍအတွက်သာ အသုံးချသွားမယ်လို့ အခိုင်အမာ ပြောဆိုသွားကြပါတယ်။

Public Service Announcement

Public Service Announcement

ခါရက်ဇီ ပြောခဲ့သလိုပဲ အီရန်ရဲ့ နျူကလီးယား နည်းပညာဟာ အက်တမ်ဗုံး ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်နေပေမယ့် အစိုးရရဲ့ မူဝါဒမှာ ဗုံးထုတ်လုပ်ဖို့ လုံးဝ စဉ်းစား မထားကြောင်း အက်စလာမီက ဆိုပါတယ်။

မေလတုန်းက နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီရဲ့ နောက်ဆုံး အစီရင်ခံစာအရ အီရန်ဟာ ၆၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့ ယူရေနီယမ် ၄၃ ကီလိုဂရမ်လောက် ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ နျူကလီးယား လက်နက် ထုတ်လုပ်တဲ့ အဆင့်ထိ ရောက်ရှိဖို့ ဆိုရင်တော့ ၉၀ ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် ၂၅ ကီလိုဂရမ်လောက် လိုအပ်မယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"