Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာနှင့်ဆက်လက်ပူးပေါင်းကြိုးပမ်းသွားမည်ဟု CRPH ထုတ်ပြန်

တရားမ၀င်စစ်အာဏာသိမ်းမှုအပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ စစ်ဘေးရှောင်စခန်းများသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများကြောင့် ကလေးသူငယ် ၃၅၀ဦးခန့် သေဆုံးခဲ့ရပြီး ၁,၅၀၀ဦးခန့်မှာ မတရားဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်အသုံးပြု၍ လူမဆန်စွာ တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အစိုးရများနှင့် လွှတ်တော်များက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ကန့်ကွက်ရှုတ်ချခြင်းအပါအဝင် ဖြစ်နိုင်သမျှ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ရေး ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့၊ အာဆီယံပါလီမန်များအဖွဲ့များသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း CRPH က ထုတ်ပြန်သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားသည့် နေ့မှစ၍ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ယခုသတင်းပတ်အတွင်း နယူးယောက်မြို့သို့ ရောက်ရှိနေသည့် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ၎င်း၏ အစည်းအဝေးများတွင် အဆိုပါလူမဆန်သော စစ်ရာဇဝတ်မှုကို ဦးစားပေး ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

တရားမ၀င်စစ်အာဏာသိမ်းမှုအပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ စစ်ဘေးရှောင်စခန်းများသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများကြောင့် ကလေးသူငယ် ၃၅၀ဦးခန့် သေဆုံးခဲ့ရပြီး ၁,၅၀၀ဦးခန့်မှာ မတရားဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မိဘများကို ဖိအားပေးရန်အတွက် ကလေးသူငယ်များအား ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၆၅ဦးခန့်ရှိပြီး အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များ၏ လူမဆန်သော လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးသူငယ် အရေအတွက်မှာ ၁၄,၀၀၀ကျော်ရှိပြီဟု ဖော်ပြသည်။ ယင်းအနက် ကလေးသူငယ် ထက်ဝက်ကျော်မှာ ကျောင်းတက်ခွင့်နှင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေသည်ဟု CRPH က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်