Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က ၆ရက်အတွင်း ၁၅ကြိမ် မီးရှို့ပြီး ဒေသခံပြည်သူ၁၀ဦးကို သတ်ဖြတ်

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့နယ်ရှိ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ် ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ် ပြုလုပ်လျက်ရှိသည်။

(ထွက်ပြေးတိမ်းရှောင်လာသော တန့်ဆည်နယ်ရှိ ကျေးရွာများမှ ပြည်သူများ၊ ဓာတ်ပုံ-TCRF)
(ထွက်ပြေးတိမ်းရှောင်လာသော တန့်ဆည်နယ်ရှိ ကျေးရွာများမှ ပြည်သူများ၊ ဓာတ်ပုံ-TCRF)

▪️ရွာပေါင်း ၃၀မှ စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ခန့်တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က ၆ရက်အတွင်း ကျေးရွာ၁၂ရွာခန့်အား ၁၅ ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၁ဝဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အု​ပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့နယ်ရှိ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ် ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ် ပြုလုပ်လျက်ရှိသည်။

စက်တင်ဘာ ၁၇ရက်မှ ယနေ့ ၂၂ရက်အထိ ၆ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက အုပ်ဖိုအိုင်ရွာ၊ ရေဦးကုန်းရွာ၊ အောင်ချမ်းသာရွာ၊ ဘေရင်း/ရွာသစ်ရွာ၊ အင်းပတ်ရွာ၊ အိုးသည်ကုန်းရွာ၊ ဂွေးကုန်းရွာ၊ နဘက်ငယ်ရွာ၊ တောင်တောရွာ၊ ပေကုန်းရွာနှင့် သက္ကယ်တန်းရွာများမှ ဒေသခံပြည်သူ့နေအိမ်များအား (၁၅) ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၀ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အု​ပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့နယ် အား ယခင်ကထက် စစ်ရာဇ၀တ်မှုများ ကျူးလွန် ကာ ကျေးရွာများအား အင်အားအလုံးအရင်းဖြင့် ၀င်ရောက်စီးနင်းနေသောကြောင့် ကျေးရွာပေါင်း (၃၀) မှ စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု တန့်ဆည်(ပအဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာရမည် ဆိုပါက အရေးကြီးပစ္စည်းများ၊ စားနပ်ရိက္ခာများအား လုံခြုံသောနေရာများတွင် ထုတ်ပိုးသိမ်းဆည်းထားကြရန်၊ အရေးပေါ် ဆေးဝါးများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအား တစ်ပါတည်းယူဆောင်နိုင်ရန် ကြိုတင်ပြင် ဆင်ထားကြရန်၊ စစ်ကောင်စီစစ်ကြောင်းများ၏အဝေးတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြပါရန် တန့်ဆည်မြို့နယ် ပြည်သူ့အု​ပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။