Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် သုံးရက်ဆက်တိုက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်က မန္တလေးတိုင်းသပိတ်ကျဥ်းအခြေစိုက် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးတပ်မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် ဧရာဝတီမြစ်အနောက်ဘက် ခင်ဦးနယ်သို့ ကပ်လာခဲ့သည်။

ထွက်ပြေးတိမ်းရှောင်လာရသည့် ခင်ဦးဒေသခံများ၊ ဓာတ်ပုံ - Cj
ထွက်ပြေးတိမ်းရှောင်လာရသည့် ခင်ဦးဒေသခံများ၊ ဓာတ်ပုံ - Cj

သေဆုံးစစ်သားအလောင်းများအား နေအိမ်မီးရှို့သည့်အထဲထိုးထည့်မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အရှေ့ပိုင်းနှင့်အနောက်ပိုင်းတွင် စစ်ကောင်စီတ​ပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၁၉ ရက်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာဂရကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့ပြီး ၎င်းတို့အထိနာခဲ့၍ သာဂရကျေးရွာမှ အသက်(၇၇)နှစ်အရွယ် အဖိုးအိုတစ်ဦးအား ပစ်သတ်သွားခဲ့ကြောင်း၊ ထို့အပြင် ကာကွယ်ရေးရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ခင်ဦးဒေသတွင်းအဖွဲ့များက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာရသည့် ခင်ဦးဒေသခံများ၊ ဓာတ်ပုံ - Cj
ထွက်ပြေးတိမ်းရှောင်လာရသည့် ခင်ဦးဒေသခံများ၊ ဓာတ်ပုံ – Cj

စက်တင်ဘာ ၂၀ရက်တွင်လည်း ရေဦး – ခင်ဦး လမ်းပိုင်းနှင့် ရွှေဘို – ခင်ဦး လမ်းပိုင်းတွင်ထပ်မံတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရရှိခဲ့သူများလည်း များပြားခဲ့ပြီး မြင်းဒေါင်းကျေးရွာမှ နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်က မန္တလေးတိုင်းသပိတ်ကျဥ်းအခြေစိုက် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးတပ်မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် ဧရာဝတီမြစ်အနောက်ဘက် ခင်ဦးနယ်သို့ ကပ်လာခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကြောင်းသည် ညနေပိုင်း၌ ကဘွက်ရွာသို့ အကြမ်းဖက်ဝင်ရောက်လာခဲ့ရာ ခင်ဦးကာကွယ်ရေးအဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ သေဆုံးစစ်သားအလောင်းများအားကဘွက်ရွာ အောက်နားရှိ မြစ်ကွေ့လျှိုကြားတွင်မြှုပ်သွားခဲ့ပြီး ဒဏ်ရာရစစ်သားများအား မြစ်အရှေ့ဘက် ကမ်းရွှေကျင်သို့ ခေါ်ဆောင်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထွက်ပြေးတိမ်းရှောင်လာရသည့် ခင်ဦးဒေသခံများ၊ ဓာတ်ပုံ - Cj
ထွက်ပြေးတိမ်းရှောင်လာရသည့် ခင်ဦးဒေသခံများ၊ ဓာတ်ပုံ – Cj

အလားတူ ခင်ဦးနယ်အနောက်ဘက်ခြမ်း မူးတိမ်တံတားနှင့်ပျဥ်ထောင်မှ ထွက်လာသော အင်အား၇၀ခန့်ပါ စစ်ကောင်စီတပ်အား စက်တင်ဘာ ၂၁ ရက် မွန်းတည့် ၁၂နာရီဝန်းကျင်က ကာကွယ်ရေးအဖွဲ့ဆယ်ဖွဲ့ပူးပေါင်းကာ မြေပြင်တိုက်ခိုက်မှုနှင့် ဒရုန်း ၆ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

နှစ်ဆင့်ကွဲများဖြင့်လည်း ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း၊ ကာကွယ်ရေးအဖွဲ့များ၏ ဒရုန်းနှစ်စီးမှာမူ ပြုတ်ကျဆုံးရှုံးခဲ့ရကြောင်း ဒေါင်းစစ်သည် Local PDF ခင်ဦးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၂၂ ရက်) နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် သာဂရရွာရှိ နေအိမ် ၁၀အိမ်ထက်မနည်း၊ဂွေကုန်းရွာမှ နေအိမ် ငါးလုံး၊ ကံသစ်ရွာရှိ ဆိုင်ကယ် သုံးစီး နှင့် တောတဲနေအိမ် ငါးလုံးခန့် မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ထွက်ပြေးတိမ်းရှောင်လာရသည့် ခင်ဦးဒေသခံများ၊ ဓာတ်ပုံ - Cj
ထွက်ပြေးတိမ်းရှောင်လာရသည့် ခင်ဦးဒေသခံများ၊ ဓာတ်ပုံ – Cj

သာဂရကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကျန်နေပြီး TGSF-KUနှင့် မဟာမိတ်များ၏ တိုက်မိုင်း၊နင်းမိုင်း၊ ဆွဲမိုင်းများထိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများအားနေအိမ်များတွင်စုပုံကာ မီးရှို့ထားသလို ပျက်စီးနေသော စစ်ကား၁စီးပါ ကျန်နေသေးကြောင်း၊ ခင်ဦးနယ် အရှေ့ခြမ်းကဘွက်ရွာ အနီးရောက်နေသော အင်အား၁၀၀ကျော်ပါ စစ်ကြောင်းသည်လည်း အနီးတစ်ဝိုက်မှာပင် ငြိမ်သက်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

လက်တလောတွင် ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲအခြေချရာ ရွာများအပါအဝင် အင်အား၃၀၀ ဝန်းကျင်အထိ အင်အားတိုးထားကြောင်း၊ ခင်ဦးနယ်ရှိ ရွာပေါင်း၂၀နီးပါးမှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။