ကိုဗစ်တတိယလှိုင်းအတွင်း စစ်ကောင်စီ၏ လူမဆန်မှုကြောင့် အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးခဲ့ရသည့် ပြည်သူလူထု၏ စာရင်းကို ကောက်ခံခဲ့ရာ တစ်လကျော်အတွင်း ကောက်ခံရရှိသည့် မှတ်တမ်းများအရ မသေသင့်ဘဲ သေဆုံးခဲ့ရသူ ၄၂၈၃ဦးရှိသည်ဟု WE COUNT အဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင်၁၉ရက် မှ ဩဂုတ် ၂၅ရက်အတွင်း ကောက်ခံထားသည့် မှတ်တမ်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးခဲ့ရသည့် နိုင်ငံအနှံ့ရှိ ပြည်သူလူထု၏စာရင်းကို ပိုမိုတိကျမှန်ကန်စွာ သိရှိနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် WE COUNT အဖွဲ့မှ စာရင်းစစ်တမ်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့ပြီး မှန်ကန်တိကျသော စာရင်းဇယားများရရှိရန်အတွက် ပြည်သူပြည်သားများအနေဖြင့် WE COUNT စစ်တမ်းကို ၀ိုင်းဝန်းကူညီဖြည့်စွက်ပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။
ဆက်သွယ်ရမည့် လိပ်စာများမှာ https://we-count.info၊ Viber Account +66942362734 နှင့် Telegram +66616414557 တို့ဖြစ်သည်။

Public Service Announcement
WE COUNT မှ စစ်တမ်းကောက်ယူရရှိသော အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနသို့ ချိတ်ဆက်ပြီး အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးသွားမည်ဟုဆိုသည်။


















































