Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်တတိယလှိုင်းအတွင်း မသေဆုံးသင့်ဘဲသေဆုံးခဲ့ရသူအနည်းဆုံး ၄၀၀၀ ကျော်ရှိဟု WE COUNT စစ်တမ်း ဖော်ပြ

WE COUNT မှ စစ်တမ်းကောက်ယူရရှိသော အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနသို့ ချိတ်ဆက်ပြီး အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးသွားမည်ဟုဆိုသည်။

ကိုဗစ်​ရောဂါဖြင့် ​သေဆုံးသူများအားမီးသဂြိုလ်ရန် ထားရှိသည်ကို​ ​ရေး​ဝေးသုသာန်၌ တွေ့ရစဥ်၊ ဓါတ်ပုံ - CJ)

ကိုဗစ်တတိယလှိုင်းအတွင်း စစ်ကောင်စီ၏ လူမဆန်မှုကြောင့် အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးခဲ့ရသည့် ပြည်သူလူထု၏ စာရင်းကို ကောက်ခံခဲ့ရာ တစ်လကျော်အတွင်း ကောက်ခံရရှိသည့် မှတ်တမ်းများအရ မသေသင့်ဘဲ သေဆုံးခဲ့ရသူ ၄၂၈၃ဦးရှိသည်ဟု WE COUNT အဖွဲ့က ထုတ်ပြန်သည်။

ဇူလိုင်၁၉ရက် မှ ဩဂုတ် ၂၅ရက်အတွင်း ကောက်ခံထားသည့် မှတ်တမ်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးခဲ့ရသည့် နိုင်ငံအနှံ့ရှိ ပြည်သူလူထု၏စာရင်းကို ပိုမိုတိကျမှန်ကန်စွာ သိရှိနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် WE COUNT အဖွဲ့မှ စာရင်းစစ်တမ်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့ပြီး မှန်ကန်တိကျသော စာရင်းဇယားများရရှိရန်အတွက် ပြည်သူပြည်သားများအနေဖြင့် WE COUNT စစ်တမ်းကို ၀ိုင်းဝန်းကူညီဖြည့်စွက်ပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

ဆက်သွယ်ရမည့် လိပ်စာများမှာ https://we-count.info၊ Viber Account +66942362734 နှင့် Telegram +66616414557 တို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

WE COUNT မှ စစ်တမ်းကောက်ယူရရှိသော အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနသို့ ချိတ်ဆက်ပြီး အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးသွားမည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။