Connect with us

Hi, what are you looking for?

News

သူရဲကောင်းမသူသူဇင် တစ်လပြည့်အထိမ်းအမှတ်ချီတက်တဲ့ မြတောင်သပိတ်

မြတောင်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မန္တလေးမြို့တွင် နေ့စဥ်မပျက်ချီတက်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းတစ်ခုဖြစ်သည်။

ဓာတ်ပုံ - Black/Simulation

မန္တလေးမြို့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ဖြင့် ပစ်သတ်မှုကြောင့်ကျဆုံးခဲ့သည့် #မြတောင်သပိတ်စစ်ကြောင်းမှ သူရဲကောင်းမသူသူဇင်၏ တစ်လပြည့်လွမ်းဆွတ်ခြင်းအထိမ်းအမှတ်အဖြစ် မြတောင်သပိတ်စစ်ကြောင်းသည် ယနေ့တွင်ချီဆက်ဆန္ဒပြခဲ့ကြသည်။မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ဇူလိုင်၂၇ရက် မွန်းလွှဲပိုင်းတွင် အရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူသုံးဦးမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင်ကျဆုံးသွားခဲ့သည်။

မန္တလေးဘုရားကြီးအရှေ့မုခ်အနီး ဆိုင်ကယ်ဖြင့်ပျောက်ကြားသပိတ်ဆင်နွဲနေသောမြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊မသူသူဇင်အပါအဝင် အမျိုးသားနှစ်ဦး သေနတ်ကျည်မှန်ခဲ့သည်။

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်သည်။
မသူသူဇင်၏ ရုပ်အလောင်းကို စစ်တပ်ကသိမ်းယူထား၍ ဇူလိုင်၂၉ရက်တွင် ရုပ်အလောင်းမပါဘဲ စျာပနအခမ်းအနားပြုလုပ်ခဲ့ရသည်။

မြတောင်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မန္တလေးမြို့တွင် နေ့စဥ်မပျက်ချီတက်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့တွင်း နဲ့ မြို့ပြင် တွေမှာ ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို အခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

Trending

Facebook